ဒီဇင်ဘာ ၂၀ ရက်နေ့ ထပ်ပြီး ရောင်းချသွားမှာပါ

တရုတ်ဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ Samsung ရဲ့ ခေါက်သိမ်းနိုင် 5G ဖုန်းဟာ ပစ္စည်းပြတ်သွားတဲ့ အထိ ရောင်းကုန်သွားခဲ့ပါတယ်။

Galaxy W20 5G နာမည်နဲ့ ထွက်လာတဲ့ Samsung ထုတ် Foldable ဟာ Galaxy Fold 5G ကိုပဲ Snapdragon 855+ SoC သစ်နဲ့ ထုတ်ထားတဲ့ ဖုန်းပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းဟာ China Telecom နဲ့ သီးသန့်ထွက်လာတာပါ။ ပုလဲဖြူရောင် ကာလာသစ် ပါလာပြီး chipset သစ် ပြောင်းတာကလွဲရင် Galaxy Fld 5G လို့ ပြောရမယ့် ဖုန်း ဖြစ်ပါတယ်။



Photo: GSMArena


ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်မယ့် Samsung Galaxy W20 5G ဟာ ပုံမှန် display ဖြန့်ထားချိန်မှာ မျက်နှာပြင် ၇.၃ လက်မ Flex Dynamic AMOLED panel ရှိပြီး ခေါက်သိမ်းထားချိန် အပြင်ဘက် screen အရွယ်အစားဟာ ၄.၆ လက်မ Super AMOLED screen ပါရှိပါတယ်။ Galaxy Fold မှာ Snapdragon 855 SoC သုံးခဲ့ရာကနေ Galaxy W20 5G ကတော့ Snapdragon 855+ SoC ကို ပြောင်းလဲ အသုံးပြုထားပါတယ်။

RAM 12GB/512GB storage အထိ ပါရှိတာကြောင့် storage အတွက် microSD card တောင် လိုမှာ မဟုတ်ပါဘူး။ Galaxy W20 5G ဟာ dual-cell ဘက်ထရီနဲ့ပဲ လာပြီး ဘက်ထရီပါဝါကတော့ 4235mAh ဖြစ်ပါတယ်။ ဘက်ထရီစနစ်အနေနဲ့ Fast Wired charging ၊ Wireless charging နဲ့ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်မယ့် Reverse Wireless Charging စနစ်များ ပံ့ပိုးပေးထားပါတယ်။

ကင်မရာစနစ်မှာလည်း Galaxy W20 5G ဟာ Galaxy Fold နဲ့ အတူတူပါပဲ။ ကျောဘက်ကင်မရာ ၃ လုံး ၊ ရှေ့ဘက် ၁ လုံးနဲ့ အတွင်းဘက်မှာ ကင်မရာ ၂ လုံးဆိုပြီး စုစုပေါင်း ကင်မရာ ၆ လုံး ပါရှိပါတယ်။ triple lens တွေကတော့ 12MP primary lens ၊ 16MP ultrawide lens နဲ့ 12MP 2x telephoto lens တို့ ဖြစ်ပါတယ်။

Photo: republicworld


foldable screen ပေါ်က notch ထဲမှာ 10MP နဲ့ 8MP depth sensor ဆိုပြီး dual selfie ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အပြင်ဘက် cover ပေါ်က ကင်မရာဟာ 10MP ပါ။ Galaxy W20 5G ဟာ အဖြူတစ်ရောင်တည်းနဲ့ ထွက်ထားပြီး JD.com အပါအဝင် တရုတ်အွန်လိုင်းစတိုးတွေမှာ စတင်ရောင်းချခဲ့ပါတယ်။

Galaxy W20 5G ကို စတင်ရောင်းချပြီး စက္ကန့်ပိုင်းအတွင်းမှာ ပစ္စည်းပြတ်လပ်သွားခဲ့တာကြောင့် လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပစ္စည်း ထပ်တင်မယ်လို့ Samsung က ဆိုပါတယ်။ တရုတ်ဈေးကွက်မှာတော့ Galaxy W20 5G တစ်လုံးကို ၁၉၉၉၉ ယွမ် ( မြန်မာငွေ ၄၃ သိန်းကျော်) ဈေးနဲ့‌ရောင်းချနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က