ဖေဖေ လှူတာတွေကို ကြည့်ပြီး သဘောကျခဲ့ရတာ။

သဇင်ထူးမြင့်ကတော့ စက်မှုအလွှာက လုပ်သားတွေကို မုန့်ဖိုးပေးဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ စိတ်ထားလည်းဖြူစင်သလို၊ ခင်ဖို့ကောင်းကြတယ်လို့ ဆိုပါတယ်။

Photo: Thazin Htoo Myint



သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးလေးဖြစ်သူ သဇင်ထူးမြင့်ကတော့ ဖေဖေ့အတိုင်း စက်မှုအလွှာက လုပ်သားတွေကို အနုပညာကြေးက ရတဲ့ ငွေကြေးနဲ့ မုန့်ဖိုးပြန်ပေးခဲ့တဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ဖေဖေကလည်း အရင်တုန်းကတည်းက ရိုက်ကွင်းပြီးသွားတဲ့အခါ စက်မှုအလွှာကို အမြဲတမ်း မုန့်ဖိုးပေးတယ်။ မွေးနေ့တွေရှိရင်လည်း ပေးတတ်တော့ အဲဒီအလေ့အထလေးကို မြင်ပြီးတော့ သဘောလည်းကျတယ်၊ ချစ်လည်း ချစ်တော့ သဲရတဲ့ အနုပညာကြေး အများကြီး မဟုတ်ပေမယ့် တတ်နိုင်သလောက်လေး လှူဖြစ်သွားတာပါ” လို့ သူကပြောပါတယ်။

Photo: Thazin Htoo Myint

စက်မှုအလွှာက လုပ်သားတွေရဲ့ စိတ်နေစိတ်ထားကိုလည်း သဇင်ထူးမြင့်က ပြောပြလာပါတယ်။ ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကြောင့်လည်း ပျော်ရတယ်လို့ ဆိုပါတယ်။

“ ဒါတွေက အကုန်လုံး နည်းသည်များသည် သဘောမထားကြပဲနဲ့ အလေးထားကြတာလေးတွေအပေါ် သဘောကျမိတယ်။ လှူတဲ့အချိန်မှာလည်း ဒါရိုက်တာကအစ ဝင်ပြီးတော့ တန်းစီတယ်။ သဲတို့ဆိုလည်း သူများပေးရင် ဝင်တန်းစီတာပဲ။ အကုန်လုံးကလေ စိတ်ထားဖြူစင်တယ်။ မှတ်မှတ်ရရ နောက်ဆုံးနေ့မှာ သဲက မြွေအစစ်နဲ့ရိုက်နေရတာ မြွေလည်း အရမ်းကြောက်တယ်။ တကယ်တမ်း မြွေမပါရင်လည်း အိုက်တင်က လိုနေတာပေါ့။ နောက်ကျတော့ မြွှေနဲ့ Surprise လုပ်တဲ့အခါကျတော့ လန့်လည်း လန့်သွားတယ်။သူတို့လည်း ဝိုင်းရယ်ကြတယ်။ ပြီးတော့ အခုလို မုန့်ဖိုးပေးတော့လည်း သူတို့ ပျော်သွားတယ်၊ ပိုရင်းနှီးသွားကြတယ်ပေါ့” လို့ ဆိုပါတယ်။

Photo: KS

သဇင်ထူးမြင့်ကတော့ သူမဟာ သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့်လည်း ခွဲခြားဆက်ဆံခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“ စက်မှုအလွှာက လူတွေက အကုန်လုံး ကြိုးစားနေကြတဲ့သူတွေကြီးပါပဲ။ ရတဲ့ငွေကလည်း နည်းတယ်။ ဒါပေမယ့် အကုန်လုံးက စိတ်ထားဖြူစင်တယ်။ သဲတို့လည်း အသစ်ဖြစ်တဲ့အတွက် ခွဲခြားထားတာမျိုးမရှိဘူး။ ပျော်ဖို့လည်းကောင်းတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့က “တောက်ချလိုက်မယ်”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်က ဆုံဆည်းခွင့် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီးပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က