ထင်မှတ်မထားတဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ရဲ့ ပွဲမှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်မှုတစ်ခုကို ပြုလုပ်ပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်က ပေးဂိုးမရှိနိုင်ပွဲ ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာလည်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

အရပ် (၆)ပေ၊ (၄)လက်မမြင့်တဲ့ ဗန်ဒိုက်ဟာ ပွဲချိန်အတွင်းမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြေးလွှားပြနိုင်ခဲ့ပြီး သူ့ရဲ့ အရည်အသွေးကိုလည်း အားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။ ပရီးမီးယားလိဂ်မှာ လာရောက်ကစားခဲ့တဲ့ နယ်သာလန်ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားလို့ ခရစ္စဆပ်တန်ရဲ့ မှတ်ချက်ပြုမှုရရှိခဲ့တဲ့ ဗန်ဒိုက်က သူဟာ အဆိုပါမှတ်ချက်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်က ဈေးမြင့်မားစွာနဲ့ ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ဟာ ဘုန်းမောက်နဲ့ပွဲမှာ လီဗာပူးလ်ဧရိယာအတွင်းကနေ ပြိုင်ဘက်ရဲ့ ဧရိယာထိပ်အထိကို ဆယ်စက္ကန့်နဲ့ ပြေးလွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၈၆)မိနစ်မှာ ဘုန်းမောက်က ထောင့်ကန်ဘောရရှိခဲ့ပြီး အဆိုပါ ထောင့်ကန်ဘောမှတစ်ဆင့် လီဗာပူးလ်က တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ဗန်ဒိုက်က လိုက်ပါကစားသွားခဲ့ပြီး ဆယ်စက္ကန့်အတွင်း ပြိုင်ဘက်ဂိုးပေါက်ရှေ့ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြင့်မားတဲ့ အရပ်အမောင်းကြောင့် နှေးကွေးလေးလံမယ်လို့ ထင်ရပေမယ့် ဗန်ဒိုက်ရဲ့ ပြေးနှုန်းဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားလို့တောင် သတ်မှတ်လို့ ရနေခဲ့ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံကစားသမားဟာ လီဗာပူးလ်အတွက် ခံစစ်ပိုင်းမှာသာမက တိုက်စစ်ပိုင်းကို လိုက်ပါနိုင်မှုမှာလည်း မြန်မြန်ဆန်ဆန်ပဲ အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အတွက် အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ဗန်ဒိုက်ဟာ အသင်းကို အမှတ်ပေးဖလားရရှိအောင် ကူညီပေးထားနိုင်ခဲ့ပြီး အနာဂတ်လီဗာပူးလ်အသင်းခေါင်းဆောင် ဖြစ်လာမယ်လို့လည်း ခန့်မှန်းခံနေရသူ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းကိုသာ ဗန်ဒိုက်အနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ဥရောပရဲ့ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ်လည်း ရပ်တည်နိုင်ဖို့ အလှမ်းမဝေးတော့ပါဘူး။

Share

Loading Next Article...
က္က