iPhone 12 စီးရီးသက် မိတ်ဆက်ဖို့ မသေချာပါ

Apple ကတော့ ဒီနှစ်အတွက် စက်တင်ဘာအထူးပွဲတစ်ခု ကျင်းပမယ့်ရက်ကို တရားဝင် ထုတ်ပြောသွားပြီ ဖြစ်ပါတယ်။

Apple ရဲ့ မားကတ်တင်းဌာန အကြီးတန်း ဒုဥက္ကဌဖြစ်သူ ဂရက် ဂျော့စ်ဝိတ်ခ်ရဲ့ Twitter မှာ စက်တင်ဘာ ၁၅ ရက်နေ့ ပွဲကျင်းပမယ့်အကြောင်းကို ပြောထားတာ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေကို ပွဲအကြောင်း တရားဝင်ဖိတ်ကြားမှုပို့ရာမှာလည်း Time Flies လို့ ခေါင်းစဉ်တပ်ပြီး ပေးပို့ခဲ့တာပါ။



အွန်လိုင်းပွဲတစ်ခုအနေနဲ့ ကျင်းပသွားမယ့် ဒီပွဲမှာ iPhone 12 သစ်တွေအစား Apple Watch သစ်နဲ့ iPad ပဲ မိတ်ဆက်သွားမယ်လို့ Bloomberg သတင်းက ခန့်မှန်းထားပါတယ်။ စက်တင်ဘာ ၁၅ ရက် Apple Event မှာ Apple Watch Series 6 သစ်နဲ့ တန်ဖိုးနည်းပြီး update လုပ်ထားတဲ့ Apple Watch Series 3 နာရီသစ် နှစ်မျိုးကို ကြေညာသွားဖို့ ရှိပါတယ်။  


Photo: 9to5Mac

Apple အနေနဲ့ high-end နဲ့ low-end Apple Watch နာရီသစ်နှစ်မျိုးအပြင် Edge-to-Edge screen နဲ့လာတဲ့ iPad Air သစ်လည်း မိတ်ဆက်သွားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီ iPad Air 4 သစ်မှာ ပါဝါခလုတ်အတွင်း Touch ID Authentication စနစ်ကို ပထမဆုံး သုံးသွားမယ်လို့ ဆိုပါတယ်။ 

iPhone 12 တွေကို အောက်တိုဘာလမှ မိတ်ဆက်သွားဖို့ ရှိပါတယ်။ Screen Size အနေနဲ့ ၅.၄ လက်မ iPhone 12 ၊ ၆.၁ လက်မ iPhone 12 Pro နဲ့ iPhone 12 Max ၊ ၆.၇ လက်မ iPhone 12 Pro Max ဆိုပြီး မော်ဒယ် ၄ မျိုး ထုတ်သွားမှာပါ။ ဒီဖုန်းမော်ဒယ် ၄ မျိုးအကြား အဓိက ကွဲပြားမှုဟာ ကင်မရာ နည်းပညာ ဖြစ်ဖို့ ရှိပါတယ်။

Photo: GSMArena


၅.၄ လက်မ iPhone 12 နဲ့ ၆.၁ လက်မ iPhone 12 Max တို့ဟာ ကျောဘက်မှာ Dual Lens ကင်မရာစနစ် သုံးထားပြီး ကျန်တဲ့ မော်ဒယ်နှစ်မျိုးမှာ LiDAR Scannner ပါဝင်တဲ့ Triple lens ကင်မရာစနစ်နဲ့ လာဖို့ ရှိပါတယ်။ iPhone 12 မော်ဒယ်အားလုံးဟာ OLED display သုံးထားပြီး 5G support ပေးလာမယ်လို့ ဆိုပါတယ်။

iPhone 12 lineup ဟာ mmWave 5G နဲ့ sub-6GHz 5G နှစ်မျိုးစလုံး ပံ့ပိုးသွားဖို့ ရှိပါတယ်။ ဒီဇိုင်းပိုင်းမှာ iPhone 4 ၊ iPhone 5 နဲ့ နောက်ဆုံးထွက် iPad Pro တို့အတိုင်း Flat Edges လေးထောင့်စပ်စပ် ဘောင်နဲ့ လာမယ်လို့ ဆိုပါတယ်။ 

Apple Event ပွဲအကြောင်း တရားဝင်ကြေညာမှုကိုတော့ စက်တင်ဘာ ၁၅ ရက် ပစိဖိတ်အချိန် မနက် ၁၀ နာရီမှာ စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က