ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကိုလည်းအထူးအလေးထားလိုက်နာဖို့လည်း ညွှန်ကြားထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ မှာကျင်းပမယ့်ရွးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့စက်တင်ဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ-ဇူလိုင် ၂၅ က မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာမှာ ပြည်သူများလာရောက်ကြည့်ရှုစဉ်



မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး စက်တင်ဘာ ၈ ရက်နေ့ မနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အခုကာလက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအရ ရောဂါကာကွယ်၊ထိန်းချုပ်ရေးနည်းလမ်းတေတွနဲ့ အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ညွန်ကြားထားပါတယ်။

 ဒါကြောင့် သက်ဆိုင်ရာ အချိန်ကာလနဲ့ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကိုလည်းအထူးအလေးထားလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း ရွေးကောက်ပွဲကေ်မရှင်က ထုတ်ပြန်ထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ ကော့မှူးမြို့နယ်မှာ NLD ပါတီ အောင်နိုင်ရေးအလံလွှင့်ထူသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကော့မှူးခရီးစဉ်ကို ပြည်သူတွေ မလိုက်ကြဖို့ကိုလည်း မေတ္တာရပ်ခံကြောင်း Chair NLD လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် စက်တင်ဘာ ၅ ရက် ညပိုင်းက အသိပေးပြောကြားထားပါတယ်။

“ကိုဗစ်ကာလဆိုတော့ လူစုလူဝေလည်းမဖြစ်ရအောင် ကျွန်မတို့ရဲ့ ကော့မှူးကို မလိုက်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ ထောက်ခံတယ်ဆိုတာပြရအောင်လို့ ကျွန်မတို့ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်မဲ့အချိန် ၈ ရက်နေ့ ၈ နာရီအချိန်မှာ ကိုယ်ရှိတဲ့နေရာမှာ ကိုယ့်အိမ်ရဲ့ ခြံဝ၊ ကိုယ့်ကားပေါ်၊ မော်တော်ဆိုင်ကယ်ပေါ်၊ ဆိုက်ကားပေါ်မှာ၊ စက်ဘီးပေါ်မှာ စသဖြင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်လံကို ထူပေးကြစေချင်ပါတယ်” လို့ ပါတီဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က