မြို့နယ် ၁၉ ခုမှာ ပြတ်တောက်မှာပါ။

ရန်ကုန်မြို့တွင်းကိုရေပေးဝေနေတဲ့ လှော်ကား ကွန်ကရစ်ပိုက်လိုင်းကြီးကို အစားထိုးလဲလှယ်ဖို့ ရှိနေတာကြောင့် ရန်ကုန်မြို့ထဲက မြို့နယ် ၁၉ ခုမှာ ၂ ရက်လောက် ရေပြတ်တောက်မှု ဖြစ်မယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။



 

water4.jpg

indianexpress.com

 

ကွန်ကရစ်ပိုက်လိုင်းလဲလှယ်မှုကို မရမ်းကုန်းမြို့နယ် ကျောက်တော်ကြီးဘုရားနားမှာ ဆောင်ရွက်မှာဖြစ်တဲ့ အတွက် မြို့နယ်အချို့ရေပြတ်တာတွေ ရေအားနည်းတာတွေဖြစ်မယ်ဆိုပြီး စည်ပင်သာယာရေးကော်မတီက ဖေ့ဘုတ် လူမှုကွန်ရက်မှာ စက်တင်ဘာ ၄ ရက်နေ့က တင်ထားခဲ့ပါတယ်။



ရေပြတ်တောက်မယ့် မြို့နယ်တွေကတော့ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်တို့ဖြစ်ကြပါတယ်။



ပိုက်လိုင်းပြုပြင်မှုကို စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၄ ရက်နေ့ ည ၁၀ နာရီအထိဆောင်ရွက်မှာဖြစ်လို့ ရေတွေကြိုတင်စုဆောင်းထားဖို့ တိုက်တွန်းထားပါတယ်။ ရေမလုံလောက်မှုဖြစ်ရင် သက်ဆိုင်ရာ ခရိုင်အလိုက် ဖုန်းဆက်ပြီးရေတွေ တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။



ရေပြတ်တောက်သွားလို့ ရေသယ်ဖို့ လိုအပ်တယ်ဆိုရင် အရှေ့ပိုင်းခရိုင်အတွက် ဖုန်း ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်အတွက် ဖုန်း ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်အတွက် ဖုန်း ၀၉၅၀၅၄၅၆၅ နဲ့ မြောက်ပိုင်းခရိုင်မှာ နေထိုင်သူတွေကတော့ ဖုန်း ၀၉၅၀၈၁၂၂၉ တို့ဆီဆက်သွယ်ပြီး အကူအညီရယူနိုင်တယ်လို့ စည်ပင်က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က