ထီလည်း ပေါက်ခဲ့တယ်တဲ့။

တစ်လလုံး မွေးနေ့လက်ဆောင်ရခဲ့တဲ့ လဖြစ်သလို သားသားသိဒ္ဓိစစ်ထိုးခဲ့တဲ့ ထီလည်း (၁)သိန်းဆုပေါက်ခဲ့တယ်ဆိုပြီး ပြောပြထားပါတယ်။



Photo : မယ်လိုဒီ FB

 

သရုပ်ဆောင်မယ်လိုဒီက စက်တင်ဘာလထဲမှာ ရရှိခဲ့တဲ့ ကံကောင်းခြင်းတွေကို ပြောပြထားတာတွေ့ရပါတယ်။ စက်တင်ဘာလထဲမှာ ကျရောက်တဲ့ (၃၆)နှစ်ပြည့် မွေးနေ့မှာလည်း မွေးနေ့မလုပ်ပဲနဲ့ တစ်လလုံး မွေးနေ့လက်ဆောင်ရခဲ့တဲ့ လဖြစ်သလို သားသားသိဒ္ဓိစစ်ထိုးခဲ့တဲ့ ထီလည်း (၁)သိန်းဆုပေါက်ခဲ့တယ်ဆိုပြီး ပြောပြထားပါတယ်။

"၃၆နှစ်ပြည့်တဲ့ စက်တင်ဘာလလေးဟာမွေးနေ့မလုပ်ဘဲတစ်လလုးံ မွေးနေ့လက်ဆောင်ရတဲ့လပါ။ စက်တင်ဘာလမှာ သားသားထိုးတဲ့ထီ ၁သိန်းဆုလေးပေါက်ပါတယ်။ကောင်းတာလေးတွေ တွေး ရေး ပြော ကောင်းတာလေးတွေရ စိတ်ချမ်းသာရပါတယ်ရှင်" ဆိုပြီး အောက်တိုဘာ (၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : မယ်လိုဒီ FB

 

သူမအနေနဲ့ ယခုကျရောက်တဲ့ အောက်တိုဘာလလေးကိုလည်း ကောင်းမွန်ခြင်းတွေနဲ့ ကြိုဆိုနေပါတယ်ဆိုပြီး ဆက်လက်ပြော ပြထား ပါသေး တယ်။

"ချစ်သောအောက်တိုဘာလလေးကလည်း ကောင်းမွန်ခြင်းအပြည့်နဲ့ကြိုဆိုနေပါတယ်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်း သာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်" ဆိုပြီး ပြောပြထားပါသေးတယ်။

Photo : မယ်လိုဒီ FB

ဝိတ်ချမယ်လို့ တွေးလိုက်မိတာ နေမကောင်းဖြစ်သွားတယ်ဆိုတဲ့ မယ်လိုဒီ 

မယ်လိုဒီဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေထက် ပွဲတွေ တော်တော်များများ တက်ရောက် ဖြစ်နေတာကိုတွေ့ရပါတယ။်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ သရုပ်ဆောင်မယ်လိုဒီဟာ သားလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူပါ။

မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့  အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့် လည်း သူမဟာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။

Photo : မယ်လိုဒီ FB

 

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က