မင်းကြီးကုန်း အ.မ.က ကျောင်းမှာဖြစ်ပွားခဲ့တာပါ။

ကျောင်းအုပ်ဆရာကြီးဟာ (၄)တန်းကျောင်းသူတစ်ဦးရဲ့မျက်နှာနဲ့ပါးစပ်ကိုနမ်းရှုံ့ခြင်း၊ နောက်တစ်ဦးကိုတော့ ကလေးရဲ့လိင်အင်္ဂါကိုထိပါးခြင်းနဲ့ ကျန်တဲ့တစ်ဦးကိုတော့ ပါးနဲ့နဖူးတို့ကို နမ်းရှုံ့ခြင်းတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

photo-စန်းယု

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ ကျောင်းအုပ်ဆရာကြီးတစ်ဦးက (၄)တန်းကျောင်းသူ (၃)ဦးရဲ့ခန္ဓာကိုယ်ကို နမ်းရှုံ့ခြင်းတွေနဲ့ လက်နဲ့လိင်အကြမ်းဖက်ခြင်းတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မင်းကြီးကုန်းကျေးရွာ၊ မင်းကြီးကုန်း အ.မ.က ကျောင်းကကျောင်းအုပ်ဆရာကြီးဖြစ်ပြီး ကျောင်းခန်းအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စဉ့်ကူးမြို့မရဲစခန်းကသိရပါတယ်။

“ ကျွန်တော်တို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုလာဖွင့်တယ်၊ အမှုဖွင့်တာနဲ့ကျောင်းကိုသွားပြီး အဲဒီကျောင်းအုပ်ဆရာကြီးကို ဖမ်းဆီးခဲ့တယ်ပေါ့။ အခုတော့အမှုဖွင့်အရေးယူထားတယ်၊ သူကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ အမှုစစ်အရသွားရမှာဘဲ။ ပြောလို့တော့မရသေးဘူး။ အဲဒီကျောင်းအုပ်ဆရာကြီးက ကျွန်တော်တို့သိသလောက်ဆို ဒီကျောင်းမှာတာဝန်ထမ်းဆောင်တာ တစ်နှစ်လောက်ပဲရှိဦးမယ်။ အသက်က (၅၆)နှစ်ရှိပြီ” လို့ စဉ့်ကူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ကျောင်းအုပ်ဆရာကြီးဟာ (၄)တန်းကျောင်းသူတစ်ဦးရဲ့မျက်နှာနဲ့ပါးစပ်ကိုနမ်းရှုံ့ခြင်း၊ နောက်တစ်ဦးကိုတော့ ကလေးရဲ့လိင်အင်္ဂါကိုထိပါးခြင်းနဲ့ ကျန်တဲ့တစ်ဦးကိုတော့ ပါးနဲ့နဖူးတို့ကို နမ်းရှုံ့ခြင်းတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကျောင်းအုပ်ဆရာကြီးကို ဖမ်းဆီးကာ စဉ့်ကူးစခန်းမှာ အမှုဖွင့်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ အမှုစစ်တိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဆိုပါစခန်းတာဝန်ရှိသူက ပြောပါတယ်။ 

Share

Loading Next Article...
က္က