အလိုအလျောက်စနစ်တွေက လူတွေနေရာ အစားထိုးသွားမလား

နောက် ၄နှစ်မှာ စက်ရုပ်တွေဟာ လက်ရှိအလုပ်အကိုင်ပေါင်း ၇၅ သန်းနေရာကို အစားထိုးသွားမယ့်အပြင် အလုပ်အကိုင်သစ် သန်းရာနဲ့ချီ ဖော်ဆောင်လာလိမ့်မယ်လို့ကမ္ဘာ့စီးပွားရေးဖိုရမ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။



_103459305_gettyimages-695586212.jpg

Photo: BBC

 

စစ်တမ်းအရ လာမယ့် ၂၀၂၂ ခုနှစ်မှာ စက်ရုပ်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှ အလုပ်အကိုင်နေရာပေါင်း ၇၅ သန်းကို ဝင်ရောက်လာမှာဖြစ်ပြီး အရင်က မရှိခဲ့တဲ့ အလုပ်အကိုင်သစ်ပေါင်း ၁၃၃ သန်းကို ဖန်တီးသွားမယ်လို့ဆိုပါတယ်။

စက်ရုပ်နည်းပညာတိုးတက်လာခြင်းကြောင့် အလုပ်သမားများအတွက် အလုပ်တာဝန်သစ်များကနေ အနားရလာမှာ ဖြစ်ပေမယ့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားခြင်းက ပြဿနာ ရှိလာမှာပါ။

တွက်ချက်မှုများအရ ကုမ္ပဏီတစ်ချို့ဟာ ယာယီဝန်ထမ်း ၊ အလွတ်တန်းသမားများနဲ့အထူးသီးသန့်ကန်ထရိုက်များးကို ငှားရမ်း အသုံးပြုဖို့ရှိပြီး တစ်ခြား ကုမ္ပဏီတွေကတော့ အလုပ်တွေကို အလိုအလျောက် လုပ်နိုင်တဲ့ စနစ်ကို သုံးသွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာက စက်နဲ့လူအကြား ချိတ်ဆက်ပေးမယ့် ကျွမ်းကျင်မှုသစ်တွေအတွက်တော့ ပညာရှင်တွေ လိုအပ်လာမယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ် ။

ယန္တရားတွေရဲ့ အလုပ်လုပ်ဆောင်မှုဟာ လက်ရှိမှာ လုပ်ငန်းခွင်ရဲ့ ၂၉% ပဲ ရှိပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ၄၂% ထိ ရှိလာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာ လူတွေရဲ့ ပျမ်းမျှ အလုပ်လုပ်ချိန်နာရီရဲ့ ၇၁% ကနေ ၂၀၂၂ ခုနှစ်မှာ ၅၈% ထိ ကျဆင်းသွားမယ်လို့သုံးသပ်ထားပါတယ်။

 

ပြီးခဲ့တဲ့နှစ် အမေရိကန် အမျိုးသားစီးပွားရေးသုတေသန (NBER) မှ ပြုလုပ်တဲ့ အမေရိကန်အလုပ်သမားဈေးကွက်မှ စက်ရုပ်များ နှင့် အလုပ်အကိုင်များဆိုင်ရာ အထောက်အထားများ ဆိုတဲ့ စာတမ်းအရ ပြီးခဲ့တဲ့ ၁၉၉၀ ကနေ ၂၀၀၇ ခုနှစ်တာ ကာလအတွင်း စက်ရုံများမှာ စက်ရုပ်သုံးစွဲလာခြင်းဟာ ပျမ်းမျှအားဖြင့် အလုပ်အကိုင် ၆.၂ နေရာစာ ပျောက်ဆုံးစေခဲ့တယ်လို့ဆိုထားပါတယ်။

ဒီသုတေသနအရ ကုမ္ပဏီများမှာ လူသားအစား စက်ရုပ်များသုံးခြင်းကြောင့် အလုပ်သမား ၁၀၀၀ မှာ ဝ.၂၅% ကနေ ဝ.၅၀% အထိ အသုံးစရိတ်လျော့ကျလာတယ်လို့ဖော်ပြထားပါတယ်။

Photo: Business Insider

 

ဒ့ါအပြင် မက်ဆာချုးဆက်နည်းပညာ တက္ကသိုလ်နဲ့ဘော့စတွန်တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒါရွန် အေ့မော့ဂ်လူကတော့ လာမယ့် ၂၀၂၅ ခုနှစ် မှာ အမေရိကန်တစ်ခွင်မှာ အလုပ်အကိုင်နေရာပေါင်း ၃.၃ သန်း ကနေ ၆.၁ သန်းအထိ ဆုံးရှုံးလာဖို့ရှိနေတယ်လို့ပြောထားပါတယ်။ လူသားတို့ရဲ့ အလုပ်အကိုင်နေရာကို အစားထိုးသွားမယ့် စက်ရုပ်များရဲ့ ပြဿနာဟာ အကန့်အသတ်မရှိတောင် ဖြစ်သွားဖို့ရှိနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က