ဈေးကွက်ထဲ ရောက်မယ့်ရက် မသိရသေးပါဘူး။

Full View မှန်ပြင်စစ်စစ် တကယ့် ဘောင်ပျောက်ဖုန်းတွေ မြင်ရဖို့မဝေးတော့ပါဘူး။



https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F837332%2Ff5af57f7-a8db-47d8-a68f-387440d466eb.png

Photo: GSMArena

 

IFA နည်းပညာပြပွဲမှာ Huawei ဟာ ကိုယ်ထည်ထဲ ထည့်ဝှက်ထားတဲ့ slider ကင်မရာများနဲ ့Honor Magic 2 ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။ စမတ်ဖုန်းလောကမှာ အလိုအလျောက် pop-up ထွက်လာတဲ့ slider ကင်မရာကြောင့် နာမည်ကြီးတဲ့ OPPO Find X နဲ့မတူတဲ့ တစ်ချက်က Honor Magic 2 ဟာ ကင်မရာတွေကို လူကိုယ်တိုင် လက်နဲ့ဆွဲဖွင့်ရတာပါ။

Honor Magic series ရဲ့ ပထမ မော်ဒယ်က ၂၀၁၆ မှာ ထွက်ခဲ့တာပါ။ ၂ နှစ်အကြာမှာ ပြန်မြင်ရတဲ့ Honor Magic 2 ရဲ့ ထူးခြားမှုအပြောင်းအလဲတွေကိုလည်း Huawei ဟာ ဒီပွဲမှာ ပြသသွားခဲ့ပါတယ်။ ဒီပွဲဟာ Honor Magic 2 ကို ဈေးကွက်မှာ ရောင်းချဖို့ တရားဝင်မိတ်ဆက်တဲ့ ပွဲမဟုတ်ဘဲ နည်းပညာပိုင်း ပြသတဲ့ ပွဲတစ်ခုအဖြစ် ကျင်းပခဲ့တာပါ။

 

မိတ်ဆက်ပြသခဲ့တဲ့ Honor Magic 2 ဟာ notch နဲ့အောက်ဘောင်လုံးဝမပါတော့ဘဲ display သက်သက် မှန်ပြင်အပြည့် ဒီဇိုင်း ဖြစ်နေပြီး OPPO Find X လိုမျိုး ဒီဇိုင်း ချိုးထားတာ ဖြစ်ပါတယ်။ မိတ်ဆက်ချိန်မှာ ကျောဘက်ကင်မရာအကြောင်း ပြသမှု မရှိခဲ့လို့ကျောဘက်မှာ ကင်မရာဘယ်နှစ်လုံး သုံးမယ် မသိရပါဘူး။ နောက်ထပ် ထူးခြားတာက ဘက်ထရီပိုင်းပါ။

Honor ဥက္ကဌ ဂျော့ချ်ဇောင်ဟိုကတော့ Honor Magic 2 ဟာ ၁၅ လွှာအုပ်ထားတဲ့ အကာအကွယ်ပေး စနစ်နဲ့အတူ အားသွင်းမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုကို အလိုအလျောက် စစ်ဆေးနိုင်တဲ့ Magic Charge နည်းပညာ သုံးထားတယ်လို့ဆိုပါတယ်။ Magic Charge ဟာ 40W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ ဒီဖုန်းမှာ နောက်ထပ် အသစ်တွေ့မြင်ရမှာက HiSilicon Kirin 980 processor ပါ။

Photo: Mashable

 

အရင်နှစ်က Huawei ဟာ AI built-in ပါဝင်တဲ့ Kirin 970 SoC နဲ့နာမည်ကြီးခဲ့ပါတယ်။ ဒီနှစ် အသစ်မိတ်ဆက်ထားတဲ့ Kirin 980 မှာတော့ အရင်ကထက် စွမ်းဆောင်ရည် ပိုမြှင့်တဲ့ နောက်မျိုးဆက် NPU (လူဦးနှောက်လို တွက်ချက်နိုင်တဲ့ စနစ်) တွေ ပါဝင်လာမှာပါ။ ဒီဖုန်းကို မိတ်ဆက်မယ့် ရက် မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က