ကင်မရာဦးစားပေး ဖုန်းဖြစ်မှာပါ

bezel-less display ဖုန်းပြိုင်ပွဲမှာ နောက်ဆုံး စောင့်ကြည့်ရမယ့် ဖုန်းကတော့ Xiaomi Mi Mix 3 ဖြစ်မှာပါ။



22.PNG

Photo: Weibo/Lin Bin

 

ကုမ္ပဏီဥက္ကဌဖြစ်တဲ့ လင်းဘင်ကတော့ မထွက်သေးတဲ့ Mi Mix 3 ရဲ့ official ပုံကို weibo မှာ မိတ်ဆက်လိုက်ပါတယ်။ ပုံအရ OPPO Find X စတိုင် mechanical pop-up ကင်မရာစနစ်ကို ဒီဖုန်းမှာ သုံးထားတာ တွေ့ရပြီး လုံးဝဘောင်အပျောက်နီးပါး ဖုန်းဒီဇိုင်း ဖြစ်နေပါတယ်။

အရင် Mi Mix series တွေကို ကြည့်ရင် ရှေ့ကင်မရာ နေရာကို ဖုန်းအောက်ခြေမှာ သွားထားလို့ဆယ်လ်ဖီဆွဲမယ့်သူဟာ ဖုန်းကို ပြောင်းပြန်ကိုင်ပြီးမှ ဆယ်ဖီရိုက်ရတာပါ။ ဒီပြဿနာက bezel-less display သွားချင်တဲ့ Xiaomi Mi Mix တွေအတွက် အဓိက ကြုံနေရတဲ့ ပြဿနာ ဖြစ်ပြီး အခုချိန်မှာ Xiaomi ဟာ ဒီအတွက် အဖြေရလာပြီ ဖြစ်ပါတယ်။

အောက်တိုဘာလထဲမှာ မိတ်ဆက်သွားမယ့် Xiaomi Mi Mix 3 မှာတော့ တကယ့် full-screen ဒီဇိုင်းဖြစ်စေဖို့OPPO Find X မှာ စပြီး သုံးလာတဲ့ mechanical slider ကင်မရာစနစ်ကို သုံးလိုက်တာပါ။ ထူးခြားတာက ရှေ့မှာ earpiece တစ်ခုနဲ့အတူ cameras ၂ လုံးတောင် သုံးလာတာ ဖြစ်ပါတယ်။ slider ကင်မရာစနစ်ကြောင့် ဖုန်းအောက်ခြေရော အထက်မှာပါ bezel မရှိတော့ပါဘူး။

mechanical slider ကင်မရာကြောင့် ဖုန်းကင်မရာ app ဖွင့်မှ ပွင့်လာမှ ဖြစ်ပြီး မသုံးတဲ့အချိန် အပေါ်က ကိုယ်ထည်ထဲမှာ အံဝှက်တစ်ခုလို သိမ်းထားပေးနေမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Mi Mix 3 ပုံမှာတော့ OPPO Find X လို ဖုန်းကင်မရာဖွင့်မှ ပွင့်တဲ့ ဒီဇိုင်းမျိုး မဟုတ်ဘဲ slider တစ်ခုလုံးက ကိုယ်ထည်နဲ့တွဲထားသလို ဖြစ်နေပါတယ်။ ဒီတော့ လက်နဲ့လူကိုယ်တိုင် ဆွဲဖွင့်ရတာလား ဆိုတာ စဉ်းစားစရာပါ။

Photo: GSMArena

 

ပုံကလွဲရင် Mi Mix 3 မှာသုံးမယ့် specification နဲ့ဈေးနှုန်းတွေကတော့ မကြားရသေးပါဘူး။ Xiaomi ဥက္ကဌပြောသလို အောက်တိုဘာရောက်မှ Mi Mix 3 ကို မိတ်ဆက်သွားမှာဖြစ်လို့အသေးစိတ် အချက်အလက်တွေကို တရားဝင် မိတ်ဆက်မယ့် အချိန်အထိ စောင့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က