အဆိုတော် လင်းလင်းက ချစ်ဇနီး ချစ်သုဝေလေးဆီ အိတ်မပါတဲ့ စာလေးတစ်စောင်ပေးခဲ့ပါတယ်။အဲ့ဒီစာလေးထဲမှာ ဇနီးဖြစ်သုူ ရဲ့ အကျင့်လေး တွေ စိတ်သဘောထားလေးတွေကို ပြောပြထားတာပါ။ ပရိသတ်တွေတောင် မသိသေးတဲ့ ချစ်သုဝေလေးရဲ့ စိတ်သဘောထားလေးတွေကိုလည်း လင်းလင်းရဲ့ စာထဲမှာ တွေ့မြင်လိုက်ရပါတယ်။
အဆိုတော် လင်းလင်းက ချစ်ဇနီး ချစ်သုဝေရဲ့ အကျင့်လေးတွေ စိတ်နေသဘောထားလေးတွေကို ပြောပြလာတာဖြစ်ပါတယ်။ အဲ့ဒီအကျင့် လေးတွေ ကလည်းပရိသတ် တွေ မသိသေးလောက်တဲ့ အကျင့်လေးတွေဖြစ်မှာပါ။ တစ်အိမ်ထဲနေတဲ့ ဇနီးလေးအတွက် လင်းလင်းက အိတ်မပါ တဲ့ ပေးစာဆိုတဲ့ ခေါင်းစဉ်လေးက ပြောထားတာပါ။
မြို့မျက်နှာဖုံး ထမင်းစားဝိုင်းတွေက ဖိတ်လို့သွားရတဲ့ ပွဲတွေမှာဆိုရင် ခင်ပွန်းရဲ့ လက်ကို ဆွဲပြီး ဘူဖေးခင်းထားတဲ့ ဟင်းပွဲခုံတွေဆီ အရင်သွား တတ်တဲ့ ချစ်သုဝေရဲ့ အမူအကျင့်လေးကို ပထမဦးဆုံး ပြောထားပါတယ်။
"ပစ်တိုင်းထောင်ကြီး အလယ်မှာထားပြီး ရောင်တော်ပြန်တွေက ဝိုင်းရံမီးထိုးပေးရတဲ့ မြို့မျက်နှာဖုံး ထမင်းစားဝိုင်းတွေက ဖိတ်လို့ ကျုပ်တို့ လင်မယားနှစ်ယောက် သွားပြီဆိုရင် ကျွန်တော့်မိန်းမ အရင်ဆုံး ဘာလုပ်တယ်ထင်လဲ ယောကျ်ားလက်ကိုဆွဲပြီး ဘူဖေးခင်းထားတဲ့ ဟင်းပွဲခုံ တွေဆီ အရင်သွားတယ်။ စားကြမယ် တီးကြမယ် ဗိုက်ဆာပြီတဲ့' အော် ခက်ချေပြီ, ဒီမိန်းမနှယ့် ဟိုမှာ (အချို့) စပ်စလူးအချပ်ပိုတွေလို ဘယ်သူ ရှိ တဲ့ ဘယ်ဝိုင်းမှာ ဘာစကားတွေပြောပြီး ဘယ်လိုရင်းနှီးမှုလုပ်မယ် မစဉ်းစားဘူး' ' ဗိုက်ဆာပြီ ' တဲ့အရိပ်မည်းကြီးတွေ ကျောပိုးပြီးဇွတ်ပြုံးရတဲ့ အထက်တန်းလွှာ ဒင်နာတွေ သွားပြီဆိုရင်လဲ စားပွဲဝိုင်းမှာ ဂရပ်ဖစ်အတက်အကျတွေနဲ့ သူများတွေမြောင်းတူးရေပေး သချာၤဂြိုလ်တုတွေ လွှတ်နေချိန်မှာ ကျနော့်မိန်းမ ဘာဝင်ပြောလိုက်တယ် ထင်လဲ, အိမ်မှာ ကြောင်လေးတွေ မွေးထားတာ ဆယ့်တစ်ကောင်ရှိတယ်တဲ့ ' ,, ကဲ မခက်ချေဘူးလား "ဆိုပြီး လင်းလင်းက ချစ်သုဝေရဲ့ အကြောင်းလေးတွေကို သြဂုတ်လ(၂၄) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။
လင်းလင်းအနေနဲ့ သမီးလေးနှစ်ယောက် မွေးပြီးနောက်ပိုင်း စီးပွားရေးလုပ်မယ်လို့ ဟန်ပြင်ခဲ့ပေမယ့်လည်း အိမ်ပြန်ရောက်ချိန်မှာ ချစ်သုဝေ ပြောလိုက်တဲ့ စကားကြောင့် သြချခဲ့ရပြန်ပါသေးတယ်။
"သမီးနှစ်ကောင်မွေးလာပြီ စီးပွားရေး လုပ်မဟဲ့ ဆိုပြီး ကျနော်ခရီးတွေသွားတယ်။ဟိုလူတွေ့ ဒီလူတွေ့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရိုးရိုးသားသား သမ္မာအာဇီဝ ဖြတ်လမ်းတွေ လိုက်ရှာတယ်။အိမ်ပြန်ရောက်တော့ ကျွန်တော့်ကိုလှမ်းပြောတယ်။အခုဘဝလေးကပြည့်စုံနေပြီ ကျိကျိတက်ကြီး မချမ်းသာချင်ဘူး ' တဲ့,,အော် နောက်တစ်ခါ ခက်ချေပြန်ပြီ" ဆိုပြီး ဆက်လက်ပြောထားပါတယ်။
ချစ်သုဝေဟာ လင်းလင်းကို ထိရင် အနုပညာအလုပ်တွေ ရပ်သွားပါစေ ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်ပဲ ယောကျ်ားဘက်က အမြဲရှိနေပေးတဲ့ ဇနီးလေးပါတဲ့။
"အနုပညာအလုပ်တွေ ရပ်သွားပါစေယောကျ်ားကိုထိရင် ဘယ်ဇာတ်တူသားအထီးအမကိုမှ သောက်ဖက်မလုပ်တဲ့ ကျွန်တော့် မိန်းမကျွန်တော့် ပတ်ဝန်းကျင် ဘယ်သူ့ကို ကျွန်တော်ဘာအကူညီပေးပေး သဘောတူတဲ့ အပြုံးနဲ့ ကျွန်တော်မိန်းမ,,ကိုယ့်ကိုစော်ကားလို့ ကျွန်တော်ခိုက်ရန် သွားဖြစ်တော့မယ်ဆိုရင်တောင် လက်မထောင်ပြီး ကျန်ခဲ့တဲ့ မိန်းမ,,," ဆိုပြီးချီးမွမ်းခန်းလေးလည်း ဖွဲ့ထားပါသေးတယ်။
ဖြူစင်လွန်းတဲ့ မိန်းမရဲ့ အကျင့်လေးတွေ စိတ်ထားလေးတွေကိုလည်း လင်းလင်းအနေနဲ့ မှီနိုင်အောင် ကြိုးစားဦးမှာပါဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ လင်းလင်းရဲ့ အပြောလေးတွေကြားထဲမှာ ဇနီးဖြစ်သူ ချစ်သုဝေတစ်ယောက် ဘယ်လိုနေလဲတော့မသိပါဘူး ပရိသတ်တွေက တော့ တော်တော့်ကို ကြွေသွားကြတာတွေ့ရပါတယ်။
အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကိုပိုင်ဆိုင်ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။