စုစုပေါင်း အလုံးရေ ၈ သန်း ရောင်းချနိုင်ခဲ့တာပါ

ဈေးကွက်လေ့လာမှု အစီရင်ခံစာတစ်ခုအရ ဒုတိယသုံးလပတ်အတွင်းမှာ Xiaomi ဟာ Apple ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်နာရီကုမ္ပဏီအဖြစ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

           Canalys ရဲ့ အစီရင်ခံစာမှာ ဒုတိယသုံးလပတ် Q2 မှာ Xiaomi ဟာ စမတ်နာရီ ၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး Apple ကတော့ ၇.၉ သန်း ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရောင်းအားကွာခြားချက် ကျဉ်းကျဉ်းနဲ့ Xiaomi က စမတ်နာရီဈေးကွက်မှာ နံပါတ်တစ် ၊ Apple က နံပါတ်နှစ်နဲ့ Huawei ၊ Fitbit ၊ Samsung တို့က ထိပ်တန်း Smartwatch Maker ၅ ဦးစာရင်းမှာ အစဉ်အတိုင်း ရပ်တည်နေတာပါ။




Photo: 9to5Mac

           Xiaomi ဟာ Q2 သုံးလပတ်မှာ Mi Smart Band 6 သစ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Apple Watch ပရိသတ်တွေကတော့ ဒီလထဲမှာ ကြေညာသွားဖို့ ရှိတဲ့ Apple Watch Series 7 ကို စောင့်နေကြတာ ဖြစ်ပါတယ်။

           "Xiaomi က အရင်မော်ဒယ်ထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့ Mi Band 6 ကို ဖြန့်ချိလိုက်တာပါ။ ဒီလို ဈေးကွက်ထဲ အမြန်ထိုးဖောက်မှုကြောင့် ဒီသုံးလပတ်အတွင်းမှာ ၁.၃ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်" လို့ Canalys Research ရဲ့ ဈေးကွက်အကဲဖြတ်သူ ဆင်သီယာ ချန်က ဆိုပါတယ်။

           Xiaomi ထုတ် Smart bands တွေဟာ အသုံးဝင်တဲ့ function တွေ စုံစုံလင်လင် ပါပြီး ဈေးကွက်အကြိုက်တွေ့မှုကို ဦးဆောင်နေတာပါ။ စမတ် Bands လက်ပတ်တွေ မပါရင် နာရီဈေးကွက်မှာ Apple Watch ဟာ ဈေးကွက်ဝေစု ရဲ့ ၃၁.၁% ၊ Huawei က စမတ်နာရီဈေးကွက်ဝေစု ၉% နဲ့ Xiaomi က၅.၇% စီ ရှိနေတာ ဖြစ်ပါတယ်။ Apple ရဲ့ အသစ်ထွက်လာမယ့် Watch Series 7 မှာလည်း ကျန်းမာရေးအထောက်အကူပြု လုပ်ဆောင်ချက်သစ်တွေ ထပ်ပြီး ပါလာဖို့ ရှိပါတယ်။

           လောလောဆယ် ကြားနေရတဲ့ သတင်းတွေအရ Apple Watch Series 7 ဟာ သွေးဖိအားတိုင်း အာရုံခံစနစ်နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ Apple Watch သစ်ဖြန့်ချိပြီးချိန်မှာတော့ Apple ဟာ စမတ်နာရီဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က