ColorOS12 ကိုလည်း နောက်အပတ်ထဲ ချပြသွားမှာပါ

အင်အားကြီးစမတ်ဖုန်း Brand တစ်ခုဖြစ်တဲ့ OPPO ကလည်း အပြောင်းအလဲတစ်ခုကို စတင်လိုက်ပါပြီ။

           အန်းဒရိုက်ဖုန်းဝယ်သူတွေအတွက် အရေးကြီးဆုံးအချက်တစ်ခုက ကိုယ်ဝယ်တဲ့ဖုန်း ဘယ်နှစ်နှစ် Software Update ရသလဲဆိုတာပါပဲ။ သဘောက ကိုယ့်ဖုန်းကို ကုမ္ပဏီက ဘယ်လောက် Support ပေးသလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ Software Update policy ကလည်း စမတ်ဖုန်းထုတ်တဲ့ OEM တစ်ခုနဲ့တစ်ခု မတူပါဘူး။ ပုံမှန်အားဖြင့် OEMs အများစုဟာ software update ၃ နှစ်အထိပဲ support ပေးလေ့ရှိပါတယ်။




Photo: techadvisor



           နာမည်ကြီးအန်းဒရိုက်ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung ၊ OnePlus နဲ့ Xiaomi တို့ပဲ ၄ နှစ်အထိ Software Support ပေးထားတာ ဖြစ်ပါတယ်။ Samsung နဲ့ Xiaomi တို့ရဲ့ အသစ်ထွက်မယ့်ဖုန်းတွေမှာ Android OS ၃ နှစ်နဲ့ Security Update ၄ နှစ်ရမှာပါ ။ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ကလည်း ပြီးခဲ့တဲ့လထဲမှာ Android 12 ကို အခြေခံတဲ့ ColorOS 12 ကို ချပြခဲ့ပါတယ်။

           ကုမ္ပဏီအနေနဲ့ လာမယ့် အောက်တိုဘာ ၁၁ ရက်မှာ ဒီနောက်ဆုံးပေါ် ဆော့ဖ်ဝဲလ်ဗားရှင်းကို Global Launch လုပ်သွားမယ်လို့ အတည်ပြုထားပါတယ်။ တချိန်တည်းမှာပဲ OPPO ဟာ ကုမ္ပဏီရဲ့ Software Update policy သစ်ကိုလည်း ချပြလိုက်ပါတယ်။ ဒီ policy သစ်အရ OPPO Find X စီးရိးအတွက် Android Updates ၃ ခု ၊ OPPO Reno စီးရီးနဲ့ OPPO F series တို့အတွက် Android Updates ၂ ခုနဲ့ OPPO A series မော်ဒယ်တွေအတွက် Android updates ၁ ခု ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။


Photo: Gizmochina



           OPPO Find , Reno နဲ့ F series တွေဟာ Security Updates အနေနဲ့ ၄ နှစ်အထိ support ရမှာ ဖြစ်ပြီး A series တွေကတော့ သုံးနှစ်အထိပဲ support ရလာမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက OPPO ရဲ့ software update မူဝါဒသစ်မှာ ၂၀၁၉ ခုနှစ်ကနေ စပြီး ဖြန့်ချိတဲ့ OPPO စမတ်ဖုန်းတွေ အကျုံးဝင်မယ်လို့လည်း ဆိုပါတယ်။ နောက်တစ်ပတ်ထဲမှာ OPPO ရဲ့ Android 12 အခြေခံ ColorOS 12 တင်နိုင်မယ့်ထုတ်ကုန်စာရင်း သိရမှာပါ။

           လက်ရှိ OPPO ရဲ့ အတည်ပြုချက်အရ ဒီ Software သစ်ကို ထုတ်ကုန်ပေါင်း ၁၁၀ ကျော်နဲ့ သုံးစွဲသူသန်း ၁၅၀ အတွက် ဖြန့်ချိသွားမယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က