စမတ်ဖုန်းကင်မရာလောကကို အပြောင်းအလဲဖြစ်စေမယ့် sensor သစ်ကို Samsung က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ISOCELL HP1 sensor နဲ့အတူ Samsung ဟာ 200MP ကင်မရာခေတ်ကို စတင်လိုက်တာပါ။ ISOCELL HP1 Sensor သစ်ဟာ pixel-binning နည်းပညာသစ်ကို ယူဆောင်လာတာ ဖြစ်ပြီး အားကောင်းတဲ့ low-light ရိုက်ချက်တွေ လုပ်နိုင်မယ်လို့ Android Authority သတင်းက ဆိုပါတယ်။ စမတ်ဖုန်းကင်မရာ industry မှာ 0.64micron pixel နဲ့လာတဲ့ ပထမဆုံး 200MP resolution sensor ဖြစ်ပြီး မြင်ဖူးသမျှ စမတ်ဖုန်းကင်မရာထဲမှာ တစ်ခုချင်း အကြီးဆုံး pixel size လည်း ဖြစ်ပါတယ်။
Photo: xda-developers.
Samsung ဟာ HP1 sensor သစ်ရဲ့ pixel-binning နည်းပညာကို ChameleonCell လို့ နာမည်ပေးထားပြီး အလင်းအမှောင်အနေအထားပေါ်လိုက်ပြီး ကင်မရာကို full-pixel rendering ၊ 2x2 နဲ့ 4x4 pixel binning mode တွေ သုံးသွားမှာပါ။ 2x2 mode မှာ sensor ဟာ 1.28 micron pixel နဲ့ 50MP ပုံတွေ ဖမ်းယူနိုင်ပြီး 4x4 မှာ 2.65 micron pixel နဲ့ 12.5MP ပုံတွေ အလင်းရုပ်ထွက် ပိုကောင်းအောင် ဖမ်းယူရိုက်ကူးနိုင်မှာပါ။
HP1 sensor ဟာ 8K video တွေကို 30fps နဲ့ record ယူနိုင်ပြီး 4K video တွေကို 120fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ သတင်းတွေအရ ၂၀၂၂ မှာ ထွက်လာမယ့် Xiaomi ရဲ့ flagship ဖုန်းသစ်မှာ 200MP sensor သုံးမယ်လို့ ဆိုပါတယ်။ အခုထိတော့ ဘယ်ထုတ်ကုန်မှာ သုံးမလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ Samsung ရဲ့ နောက်ထွက်လာဖို့ ရှိတဲ့ Flagship ဖုန်းတွေမှာလည်း ဒီ sensor ကို သုံးဖို့ မျှော်လင့်ရပါတယ်။
Photo: sammobile
Samsung ဟာ ISOCELL HP1 နဲ့အတူ autofocusing ကို ပိုကောင်းစေတဲ့ 50MP ISOCELL GN5 sensor ပါ မိတ်ဆက်သွားပါတယ်။ GN5 sensor ဟာ အရင်နှစ်က ဖြန့်ချိခဲ့တဲ့ ISOCELL GN2 ရဲ့ 1.4 micron pixel ထက် ပိုသေးတဲ့ 1.0 micron pixel နဲ့ လာတာပါ။