ကော်မရှင်က ခွင့်ပြုထားပါတယ်။

စမ်းချောင်းမြို့နယ် စည်ပင်ရွေးကော်ပွဲ အဖွဲ့ဝင် (၂) နေရာမှာ ဝင်ရောက်ရွေးချယ်ခံမယ့် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်တိုးတိုးခိုင်မှာ ရွေးကောက်ပွဲနီးမှ သန်းခေါင်စာရင်းဝင်လုပ်တာဟာ စည်ပင်ဥပဒေနဲ့ မကိုက်ညီဘူးလို့ စမ်းချောင်းမြို့နယ်ကနေ စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ဦးကြည်အောင်က ပြောပါတယ်။



Photo- စည်ပင်ကိုယ်စားလှယ် ဦးကြည်အောင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မတ်လ ၂၉ ရက် က စမ်းချောင်းမြို့နယ်မှာ စည်ပင်သာယာရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးကြည်အောင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ဒေါ်တိုးတိုးခိုင်မှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမယ့် အမည်စာရင်းပါရှိနေပြီး စည်ပင်ဥပေဒေနဲ့ မကိုက်ညီတာကြောင့် စမ်းချောင်းမြို့နယ် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အပြင် နိုင်ငံတော် အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာဌာနအသီးသီး၊ ကော်မရှင်ဆီကို ကန့်ကွက်လွှာပေးပို့ထားတယ်လို့ ကိုယ်စားလှယ် ဦးကြည်အောင်က ဆိုပါတယ်။

“ ဒေါ်တိုးတိုးခိုင်က ရွေးကောက်ပွဲနီးမှ သန်းခေါင်စာရင်း ဝင်လုပ်လို့ ဥပဒေနဲ့ မညီညွှတ်လို့ ကျွန်တော်က ကန့်ကွက်တယ်။ အဲဒါကို ကော်မရှင်က ကျွန်တော် ကန့်ကွက်စာ ၃ ခါတင်တယ်။ ပထမတစ်ခါက စာရွက်စာတမ်းမပြည့်စုံလို့ ဆိုပြီး ပယ်ချတယ်။ နောက်ထပ် အထောက်အထားစုံစုံလင်လင်နဲ့နှစ်ခါထပ်ပို့တော့ ကန့်ကွက်စာကို ပယ်ချလိုက်ပါတယ်။ စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို သံသယဖြစ်ပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲအထိ ဒေါ်တိုးတိုးခိုင်အမည်စာရင်းကိုု ဆက်လက်အတည်ပြုထားရင် ကော်မရှင်ကို မသမာတဲ့ ကော်မရှင်လို့ သတ်မှတ်မယ်။ ” လို့ ကိုယ်စားလှယ် ဦးကြည်အောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဒေါ်တိုးတိုးခိုင်မှာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သန်းခေါင်စာရင်းဖြစ်နေပြီး စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်မှသာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း (အမှတ် ၆/အေ) မှာ နေထိုင်တယ်ဆိုပြီး သန်းခေါင်စာရင်းကို ပြောင်းလဲထားတယ်လို့ သိရပါတယ်။

စည်ပင်သာယာဥပေဒ/နည်းဥပဒေ အခန်း ၈ ပါ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းမှာ မြို့တော်နယ်နိမိတ်အတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ တဆက်တည်း အနည်းဆုံး ၃ နှစ်နေထိုင်နေပြီး လက်ရှိ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းချိန်မှာ အိမ်ထောင်စုစာရင်းအရ အမှန်တကယ်နေထိုင်သူ ဖြစ်ရမယ်ဆိုပြီး ကြေညာထားတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကို မတ်လ ၃၁ ရက်မှာ ကျင်းပသွားတော့မှာဖြစ်ပြီးစည်ပင

ယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦးဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က