သေဆုံးနေပြီးတော့ လေးရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်မှာမှ ပါတ်ဝန်းကျင်က သိရှိခဲ့တယ်လို့ ဆိုပါတယ်။

စမ်းချောင်းမြို့နယ် မင်းလမ်းရှိ အိမ်နံပါတ် ၆၈၊ ပထမထပ်မှာ နေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ်အ ဖွားအိုတစ်ဦး တိုက်ခန်းအတွင်းမှာ သေဆုံးနေပြီး လေးရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်မှာမှ ပတ်ဝန်းကျင်က သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo- khit thit media

သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ် ဒေါ်အေးအေးငြိမ်းဆိုသူဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရဘူးလို့ စမ်းချောင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

“ အသက်က ၇၄ နှစ်ရှိပြီ။ အဲ့တိုက်ခန်းမှာ တစ်ယောက်တည်းနေတယ်လို့ သိထားတယ်။ ပတ်ဝန်းကျင်က အဲ့နားမှာနေတဲ့ ဘေးခန်းက လူတွေကအပုပ်နံ့ရတယ် အကြောင်းကြားလို့ ရာအိမ်မှုး၊ ဆယ်အိမ်မှုးနဲ့သွားကြတာပါ။ လောလောဆယ်မှာ ပြင်ပဒဏ်ရာမတွေ့တာကြောင့် ဆေးရုံကို ပို့ထားတယ်” လို့စမ်းချောင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောခဲ့ပါတယ်။

သေသူဟာ နေအိမ်ခန်းပြင်ပသို့ ထွက်မလာခဲ့တာ ၄ ရက်ဝန်းကျင် ကြာနေပြီဖြစ်ပြီးတော့ အနံ့အသက် ဆိုးဝါးစွာထွက်လာမှသာ ရပ်ကွက်က သိခဲ့တယ်လို့ ပြောပါတယ်။ အလောင်းကို တွေ့ရှိစဉ်မှာတော့ ပုပ်ပွနေပြီး ရုတ်တရတ် သွေးဆောင့်တိုးရာကနေ သေဆုံးတယ်လို့ လတ်တလော ခန့်မှန်းထားကြောင်း ရဲအရာရှိက ဆိုပါတယ်။ သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က