ရွှေဇနီးမောင်နှံကတော့ ဒဂုံတက္ကသိုလ်ရဲ့ ဂီတဖျော်ဖြေပွဲ စင်မြင့်ထက်မှာ သီချင်းတွေ ပျော်ပျော်ပါးပါး သီဆိုခဲ့ကြပါတယ်။
Photo:Shwe Mhone Yati
ရွှေမှုန်ရတီတစ်ယောက် ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူ စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် သီချင်းအတူတူ ဆိုခဲ့တာကို တွေ့ရပါတယ်။ ရွှေမှုန်ရတီက စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။
‘’ ပျင်းလို့ ... ကျားကျားနဲ့ ဒဂုံကျောင်းလိုက်သွားရင်း ...’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဒဂုံတက္ကသိုလ်မှာရှိတဲ့ ကျောင်သား၊ ကျောင်းသူ တွေနဲ့ အတူ ‘’အမှား’’ သီချင်းကို ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။
Photo: Amazing Grace
ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပထမဆုံး သီချင်းဖြစ်တဲ့ ‘’ အမှား’’ သီချင်းဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဇနီးဖြစ်သူအတွက် ရွှေထူးက ဝမ်းသာပီတိဖြစ်တယ်လို့ ဆိုပါတယ်။
’’ ကျေနပ်တယ်။ သူ့ကိုကျွန်တော်တို့ ဒီဘက်ခေတ် Music အထာကို ဆွဲခေါ်ရတာ ကျေနပ်တယ်။ ဒါပေမယ့်လည်းဒီထက်မိုက်တဲ့ Music ပုံစံလေးတွေ ကျွန်တော်လုပ်ပေးဦးမှာပါ။ သူအားတဲ့အချိန်နားထောင်ရအောင်၊ အထူးသဖြင့် သူ့ပရိသတ်တွေအတွက်ပါ။ ရွှေမှုံရတီအနေနဲ့ သူ့ပရိသတ်တွေကိုသီချင်းလက်ဆောင်ပေးတယ်ဆိုတဲ့ သဘောပါ” လို့ ဆက်လက် ပြောပြထားပါတယ်။
Photo:Shwe Mhone Yati
ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။
Photo:Shwe Mhone Yati
ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။