internet banking ဝန်ဆောင်မှု သုံးတဲ့ လူတော်တော်များများ SMS ကနေ ဘဏ်အချက်အလက် ဖျားယောင်းတောင်းခံမှု ကြုံနေရတယ်လို့စကာၤပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo: Straits Times
ဘဏ်မှ ပေးပို့သယောင် တုပဟန်ဆောင်ထားတဲ့ SMS ကို mobile banking သုံးသူဘက်မှ အကြောင်းပြန်လိုက်တာနဲ့မသမာသူများရဲ့ ဝက်ဘ်ဆိုက်ထဲ ရောက်ပြီး ကိုယ့်ရဲ့ username နဲ့password ကို access ပေးသလို ဖြစ်မှာပါ။ စကာၤပူရဲတပ်ဖွဲ့ဟာ ဒီလိုမျိုး လိမ်လည်မှုအကြောင်း သတင်းပို့တိုင်ကြားချက်တွေကို စက်တင်ဘာ ၂၇ ကနေ ၃၀ အတွင်း အမြောက်အများ ရထားတယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုပုံစံကို phishing လို့ခေါ်ပြီး spam mail ဖြန့်ပြီး သုံးစွဲသူများရဲ့ အချက်အလက်ကို ညာတောင်းတာ ဖြစ်ပါတယ်။ phishing attack ဟာ တစ်ကမ္ဘာလုံးက ငွေကြေးအဖွဲ့အစည်းတိုင်း ကြုံတွေ့နေတာပါ။
Trusteer က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်းမှာ ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများရဲ့ ဝ.၄၇% ဟာ phishing attack ရဲ့ သားကောင်ဖြစ်သွားကြပြီး အနည်ဆုံး ဒေါ်လာ ၂.၄ သန်းကနေ အများဆုံး ၉.၄ သန်းအထိ နှစ်တိုင်းဆုံးရှုံးနေကြတယ်လို့ဆိုပါတယ်။
စကာၤပူရဲတပ်ဖွဲ့ကတော့ သုံးစွဲသူများအနေနဲ့အချက်အလက်များကို လျှို့ဝှက်ပြီး ကာကွယ်ပေးထားတဲ့ https မသုံးတဲ့ ဝက်ဘ်ဆိုက်များကို မယုံကြည်ဖို့နဲ့စိတ်ချရတဲ့ ဝက်ဘ်ဆိုက်များမှာ https ထည့်ထားကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ phishing ကြောင့် လူဘယ်နှစ်ယောက် ဆုံးရှုံးနစ်နာနေတယ် ဆိုတာ မသိရသေးပါဘူး။
internet banking စနစ်အရ အကောင့်ပိုင်ရှင်ရဲ့ username ၊ ကိုယ်ရေးအချက်အလက် ၊ OTP နဲ့စကားဝှက်များကို ဘဏ်ဝန်ထမ်းနဲ့အစိုးရပိုင်းကပါ ဝင်ကြည့်လို့မရအောင် လုပ်ဆောင်ထားတာပါ။ စကာၤပူရဲတပ်ဖွဲ့အနေနဲ့ဘဏ်စနစ် တိုက်ခိုက်ခံရပါက ဆက်သွယ်နိုင်ဖို့အတွက်ပါ ထုတ်ပြန်ထားပါတယ်။
Photo: Malaysia Post
ပြီးခဲ့တဲ့ အပတ်မှာတော့ မြန်မာနိုင်ငံမှ KBZ နဲ့AYA မှ mobile banking သုံးသူများမှာလည်း phishing attack နဲ့ကြုံတွေ့ခဲ့တယ်လို့Cyberbaykin အဖွဲ့အစည်းက သတိပေးထားပါတယ်။