မဂ္ဂဇင်းမျက်နှာဖုံးရှင် မော်ဒယ်တွေလို Portrait ပုံတွေရိုက်ကူးဖို့ဆိုတာအရင်တုန်းကတော့ ပရိုကင်မရာကြီးတွေရှိမှ ရိုက်ကူးလို့ရတာပါ။ ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းကင်မရာတွေရဲ့ နည်းပညာတွေတိုးတက်လာခြင်းနဲ့အတူ ကင်မရာကောင်းတဲ့စမတ်ဖုန်းတစ်လုံးလည်းရှိမယ်၊ ရိုက်ကူးရမယ့် နည်းစနစ်ကိုလည်းသိမယ်ဆိုရင် ဖုန်းနဲ့ပဲ Portrait ပုံကောင်းကောင်းတွေရိုက်ကူးလို့ရနေပါပြီ။ ဒါကြောင့် စမတ်ဖုန်းနဲ့ Portrait ပုံကောင်းကောင်းရိုက်ကူးနိုင်ဖို့ သိထားရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဓါတ်ပုံအရိုက်ခံမယ့်သူ
ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ ဓါတ်ပုံအရိုက်ကူးခံမယ့်သူဟာ ကိုယ်ရိုက်မယ့်အချိန်မှာ သက်သောင့်သက်သာ ၊ အေးအေးဆေးဆေးရှိနေဖို့ပါပဲ။ ရှက်နေတာ ဒါမှမဟုတ် စိတ်လှုပ်ရှားနေတာမျိုးတွေရှိနေရင် သဘာဝကျကျပုံ ကောင်းကောင်းရဖို့မလွယ်ပါဘူး။ ဒါကြောင့် မရိုက်ကူးခင်မှာရော၊ ရိုက်နေတုန်းမှာပါ ဓါတ်ပုံရိုက်တဲ့သူနဲ့ အရိုက်ခံတဲ့သူကြား ဟိုဟိုဒီဒီ စကားစမြည်ပြောနေတာမျိုးလုပ်ပေးသင့်ပါတယ်။ ဓါတ်ပုံအရိုက်ခံမယ့်သူက စိတ်သက်သောင့်သက်သာရှိပြီး သူ့ရဲ့မျက်နှာအမူအရာရော၊ ခန္ဓာကိုယ်အနေအထားပါ သဘာဝကျတဲ့အနေအထားမျိုးရလာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး ရိုက်ကူးပါ။
(၂) Setting နဲ့ Focus
ဒီဘက်နှစ်ပိုင်းထွက်လာတဲ့ စမတ်ဖုန်းတော်တော်များများရဲ့ ကင်မရာ Setting မှာ Portrait Mood ပါဝင်လာပါပြီ။ Huawei Nova 2i မှာဆိုရင် အနောက်ဘက်ကင်မရာအတွက်သာမက အရှေ့ဘက် Selfie ကင်မရာမှာပါ Portrait Mood ပါဝင်လာတာကြောင့် Selfie ပုံတွေကိုပါ Portrait Mood နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Portrait ပုံရိုက်မယ်ဆိုရင် မရိုက်ခင် ကင်မရာ Setting မှာ Portrait Mood ကိုရွေးထားဖို့လိုပါတယ်။ ဒါ့အပြင် Focus ကိုလည်း Manual ပြောင်းထားပြီး ကိုယ်ရိုက်မယ့် Subject ကို Focus ထားဖို့လိုမှာဖြစ်ပါတယ်။
(၃) အလင်းအမှောင်
အလင်းအမှောင်ကတော့ Portrait ဓါတ်ပုံကောင်းကောင်းတစ်ပုံရဖို့အရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။ စမတ်ဖုန်းရဲ့ Flash Light ကရတဲ့အလင်းရောင်နဲ့ရိုက်ကူးတာထက် သဘာဝအလင်းရောင်နဲ့ရိုက်ကူးရင်ပိုပြီးသဘာဝကျတဲ့ပုံကောင်းကောင်း တွေရနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ အလင်းရောင်အရမ်းများတဲ့နေရာမျိုးထက် အလင်းအမှောင် မျှမျှတတရှိတဲ့ အနေအထားမျိုးကလည်း ပိုပြီးအထာကျတဲ့ပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။
(၄) အကွာအဝေး
Portrait ပုံကောင်းကောင်းရဖို့ Subject ကိုဘယ်လောက်ဝေးဝေးက ရိုက်ရမလဲဆိုတာကလည်း ဦးနှောက်ခြောက်ရတဲ့ ကိစ္စတစ်ခုပါ။ လက်တစ်ဆန့်အကွာကနေရိုက်တာအကောင်းဆုံးဆိုတဲ့ သီအိုရီရှိပေမယ့်လည်း ဓါတ်ပုံအရိုက်ခံမယ့်အရာက သက်ရှိဆိုရင် သူ့ရဲ့ သက်သောင့်သက်သာရှိမှုကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ တစ်ချို့က ကင်မရာနဲ့အရမ်းနီးရင် မနေတတ်မထိုင်တတ်ဖြစ်တတ်တာကြောင့်ပါ။ ဒါပေမဲ့သေချာတာကတော့ Subject နဲ့အရမ်းဝေးဝေးကရိုက်ရင်တော့ အဆင်မပြေနိုင်ဘူးဆိုတာပါပဲ။
ဒါတွေကတော့ စမတ်ဖုန်းနဲ့ Portrait ပုံရိုက်မယ်ဆိုရင် သတိထားရမယ့်အချက်တွေအများကြီးရှိတဲ့ထဲကမှ အရေးကြီးတဲ့ အချက်တွေကို ရွေးချယ်ဖော်ပြခဲ့တာပါ ။ Portrait ပုံရိုက်ကူးဖို့အတွက် အကောင်းဆုံးစမတ်ဖုန်းတွေထဲက တစ်ခုကို ညွှန်းပါဆိုရင်တော့ Huawei ရဲ့ nova 2i ကိုညွှန်းချင်ပါတယ်။ nova 2i ဟာဆိုရင် ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးနဲ့ စမတ်ဖုန်းဖြစ်ပြီး ဈေးနှုန်းအရလည်း အလယ်အလတ်တန်းစမတ်ဖုန်းဖြစ်တာကြောင့် လက်ရှိဈေးကွက်ထဲမှာ လူကြိုက်အများဆုံးနဲ့အကောင်းဆုံးဖြစ်နေလို့ ဒီလိုညွှန်းရတာပဲ ဖြစ်ပါတယ်။ nova 2i ဟာဆိုရင် ကင်မရာပိုင်းအာသာချက် အပြင် မျက်နှာပြင်ကလည်း လက်ရှိခေတ်စားနေတဲ့ Full View Display (18: 9 Ratio) နဲ့ Full HD+ ရုပ်ထွက်နဲ့ ဖြစ်ပါတယ်။ ဈေးနှုန်းက ၃၃၉၀၀၀ ကျပ်ဖြစ်ကာ အနက်ရောင်၊ရွှေရောင် နဲ့ အပြာရောင်ဆိုပြီးအရောင် ၃ ရောင်နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
