၎င်းပိုင်ဆိုင်တဲ့ နယူးယော့ခ်မြို့ရှိ ဟိုတယ်ကြီးအတွင်း ဇာတ်ဝင်ခန်းမှာ ထရန့်က ပါဝင်ခဲ့ပါတယ်။

အမေရိကန်သမ္မ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်ကိုမရောက်မီ ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားခဲ့တဲ့ ခရစ္စမတ်ရုပ်ရှင်ဇာတ်ကား Home Alone 2 မှာ ပါဝင်ခဲ့ရမှုအပေါ် ဂုဏ်ယူမိတယ်လို့ ဖွင့်ဟပြောခဲ့ပါတယ်။

(Photo: Screenshot via Home Alone 2)

သမ္မတထရန့်က ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ဘက်အမှုထမ်းတွေနဲ့ တွေ့ဆုံစကားပြောခဲ့စဥ် အမှုထမ်းတစ်ဦးက ခရစ္စမတ်ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အကြောင်းကို မေးမြန်းခဲ့ပါတယ်။ "အဲဒီအချိန်တုန်းက ကျွန်တော် နည်းနည်းငယ်သေးတယ်၊ ဒီဇာတ်ကားက အကြီးအကျယ် အောင်မြင်ခဲ့တယ်လေ၊ ဒါက အရမ်းအောင်မြင့်တဲ့ ခရစ္စမတ်ရုပ်ရှင်ပေါ့ဗျာ၊ အကြီးအကျယ်ဆုံးတွေထဲက တစ်ခုပေါ့၊ ဒီလိုမျိုး ပါဝင်ခဲ့ရလို့ ကျွန်တော် ဂုဏ်ယူပါတယ်" လို့ ထရန့်က မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့ပါတယ်။



(Photo: Screenshot via Home Alone 2)

ထရန့် ဝယ်ယူထားခဲ့တဲ့ နယူးယော့ခ်မြို့ရှိ Plaza ဟိုတယ်မှာ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Home Alone 2 ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့ပါတယ်။ ခရစ္စမတ်ကာလကို အခြေပြုရိုက်ကူးထားတဲ့ ထိုဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ကလေးငယ်ကီဗင်က ရွှေရောင်တဝင်းဝင်းဖြစ်နေတဲ့ ဟိုတယ်ကြီးထဲမှာ မိဘတွေကို လိုက်လံရှာဖွေတဲ့ ဇာတ်ဝင်ခန်းပါရှိပြီး Plaza ဟိုတယ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ထိုဇာတ်ဝင်ခန်းအတွင်း ကီဗင်က ဟိုတယ်ထဲမှာရှာဖွေနေစဥ် အနက်ရောင် ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးကို ဧည့်သည်နားနေဆောင်ကို ဘယ်လိုသွားရမယ်ဆိုတာ မေးမြန်းခဲ့ပါတယ်။ ထိုအမျိုးသားဟာ ယခုလက်ရှိ အမေရိကန်သမ္မတထရန့်ပဲ ဖြစ်ပါတယ်။ "ဒီခန်းမအတိုင်းသွားပြီး ဘက်ဖက်ကိုချိုးလိုက်" လို့ ထရန့်က ပြန်ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။

(Photo: Screenshot via Home Alone 2)

Home Alone 2 ရဲ့ အဓိကဇာတ်ကောင် ကီဗင် (Kevin) နေရာမှာတော့ ကလေးသရုပ်ဆောင် Macaulay Culkin က သရုပ်ဆောင်ခဲ့ပါတယ်။ သမ္မထရန့်ဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ပါဝင်ခွင့်ရနေသရွေ့ ၎င်းပိုင်ဆိုင်တဲ့ အဆောက်အအုံတွေမှာ လာရောက်ရိုက်ကူးခွင့်ပြုလေ့ရှိခဲ့ကြောင်း မင်းသားမက်ဒေမွန် (Matt Damon) ၂၀၁၇ ခုနှစ်အတွင်း The Hollywood Reporter သတင်းဌာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

မက်ဒေမွန် ပြောသကဲ့သို့ပင် ထရန့်ရဲ့အမည်ကို Zoolander နဲ့ Sex And The City တို့ အပါအဝင် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ၂၀ ခန့်မှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပြီး အများစုမှာ ၎င်းကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က