ကိုယ့်စံချိန်ကိုယ်ပြန်ချိုးနိုင်ခဲ့ပြီတဲ့။

အဆိုတော် ဟဲလေးက မကြာသေးခင် ရက်ပိုင်းကမှ ထွက်ရှိထားတဲ့ “စမူဆာ” လို့ နာမည်ပေးထားတဲ့ သီချင်းသစ်ရဲ့ အောင်မြင်မှုအတွက် ပျော်လို့နေပါတယ်။ အဲဒီ သီချင်း MTV ကိုလည်း သင်ဇာဝင့်ကျော်နဲ့ ရိုက်ထားတာပါ။

Photo : ဟဲလေး

ဟဲလေးက သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “စမူဆာ” သီချင်းရဲ့ အောင်မြင်မှုအတွက် ပျော်နေတာပါ။ အဲဒီ သီချင်းMTVကို သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ ပုံဖော်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ “စမူဆာ” သီချင်းဟာ MTV ရိုက်ကူးနေစဉ်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပြီး MTV ထွက်ရှိပြီးချိန်မှာလည်း ပရိသတ်တွေ အရမ်းအားပေးခဲ့တာ တွေ့ရပါတယ်။

“စမူဆာ” သီချင်းကို ဧပြီ(၃)ရက်နေ့ ည(၁၀)နာရီကျော်က တင်ခဲ့တာဖြစ်ပြီး ၂၄နာရီ မပြည့်သေးချိန်မှာ ကြည့်ရှုသူဦးရေ (၄)သိန်းကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်က သူထွက်ရှိထားတဲ့ မှည့် သီချင်းထက် “စမူဆာ” သီချင်းဟာ ပိုပြီးအောင်မြင်နေလို့ ဟဲလေးတစ်ယောက် ပျော်နေခဲ့ပါတယ်။

ကျွန်တော့်ရဲ့Official Accountမှာတင်ခဲ့တဲ့"မှည့်" သီချင်းရဲ့.တစ်နှစ်စာ Views ကို.."စမူဆာ" သီချင်းက..တစ်ရက်စာနဲ့..Views တွေကျော်တက် သွားနိုင်ခဲ့တယ်..ကိုယ့်စံချိန်ကိုယ်ပြန်ချိုးနိုင်ခဲ့လို့ တကယ်ပျော်မိတယ်” ဆိုပြီး ဧပြီ(၃) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဟဲလေး

သီချင်းကိုနားထောင်ပြီး ဝေဖန်အကြံပေးကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ဆိုပြီး ပြောထားပါသေးတယ်။ သီချင်းရေးတဲ့အပိုင်းမှာရော သီချင်းဆိုတဲ့ အပိုင်းမှာပါ အောင်မြင်မှု ရရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ဟဲလေးက လက်ရှိမှာ နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုသလို ဖျော်ဖြေနေရတာ တွေ့ရပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။

သာယာတဲ့ မိသားစုလေးကို တည်ထောင်ထားပြီး သူချစ်တဲ့အနုပညာများကို ဖန်တီးနေသူ ဖြစ်ပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။

Share

Loading Next Article...
က္က