ခင်လေးနွယ်က ပြောပြလာတာပါ။

သရုပ်ဆောင် ခင်လေးနွယ်နဲ့ အေးမြတ်သူတို့ အပျိုကြီးမမ နှစ်ယောက်ကတော့ သမီးနှစ်ယောက်ရဲ့မေမေ စမိုင်းလ်ကို အားကျနေပြီလို့ ခင်လေးနွယ်က ပြောပြလာပါတယ်။

Photo: ခင်လေးနွယ်ဖေ့စ်ဘွတ်

ခင်လေးနွယ်နဲ့ အေးမြတ်သူတို့က စမိုင်းလ်ရဲ့ စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ရင်း အားကျလို့နေပါတယ်။ စမိုင်းလ်လိုမျိုး ‘’ မောင်’’ တစ်ယောက်လောက် ရှာမယ်လို့ ခင်လေးနွယ်က စနောက်ပြီး ရေးသားခဲ့ပါသေးတယ်။ 

‘’အပျိုကြီး ၂ ယောက် အားကျတာဆိုတာ မ စမိုင်း ဒီလိုပိန်ပြီး လှလာတာ မောင့်ရဲ့ အချစ်တွေကြောင့်လို့လဲ ပြောလိုက်ရော။ ဒီနေ့ကစပြီး မ စမိုင်းလ်လိုမျိုး" မောင်'' တစ်ယောက်လောက် ရှာကြမယ်ကွာတဲ့။ ဟီးဟီး’’ လို့ ခင်လေးနွယ်က ရယ်ရယ်မောမောနဲ့ ပြောပြခဲ့တာပါ။ 

Photo: Smile

အဲဒီနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ စမိုင်းလ်ရဲ့ ‘’ဝသောသူကို ကြင်နာပါ’’ စာအုပ် အောင်မြင်စေဖို့ ဆုတောင်း စကားဆိုခဲ့ပါသေးတယ်။

‘’Congratulations ပါနော်။ စာအုပ်တွေလဲအများကြီး ရောင်းရပါစေ ဒီနေ့မှစ ငါတို့သည် "မောင်" တစ်ယောက်ရ ရမည်။ အဲ..ဟုတ်ပါဘူး.. အမြဲ လှနေရမည်လို့ပြောတာပါ’’ ဆိုပြီးတော့လည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၄၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

စီးပွားရေးဘက် ဦးစားပေးလုပ်ဖြစ်နေတဲ့ ခင်လေးနွယ်က ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ သူမကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

ခင်လေးနွယ်ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေ ကနေ ပရိသတ် စတင်အားပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းက ၁၀ စုနှစ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ ဇာတ်ကားပေါင်းများစွာ၊ ကြော်ငြာပေါင်းများစွာ နဲ့ အလှဓာတ်ပုံ၊ မဂ္ဂဇင်းကာဗာ များစွာတို့ကိုလည်း ရိုက်ကူးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က