လူပေါင်း ၁၃၀၀ ကို အလုပ်လျှော့လိုက်တာကြောင့် နှစ်အလိုက် ဒေါ်လာသန်း ၅၀၀ အကုန်အကျသက်သာမှာပါ

နာမည်ကျော် Social Media ကုမ္ပဏီတစ်ခုဖြစ်တဲ့ Snap ဟာ ဝန်ထမ်းအင်အား ၂၀% ခန့်ကို အလုပ်က ဖြုတ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

လူပေါင်း ၁၃၀၀ ခန့် အလုပ်အကိုင်ဆုံးရှုံးမယ့်အကြောင်းကို Snap က အတည်ပြုထားပြီး ကုန်ကျစရိတ်တွေ လျှော့ချဖို့ အခုလို လူလျှော့တာဖြစ်တယ်လို့လည်း အတည်ပြုပြောကြားပါတယ်။ လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ စီးပွားရေးစွမ်းဆောင်ကျဆင်းလာချိန်မှာ အခုလို ဝန်ထမ်းအင်အားလျှော့ချတာတွေ ရှိလာတာပါ။ ဝန်ထမ်းအင်အား ၆၀၀၀ ကျော် ရှိတဲ့ Snap ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ထဲမှာ နောက်ဆုံးအကြိမ် လူလျှော့ခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်က Snapchat ဒီဇိုင်းအပြောင်းအလဲမှာ အင်ဂျင်နီယာပေါင်း ၁၂၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ 




မကြာသေးခင်က ဝန်ထမ်းတွေကို ပေးပိုတဲ့ ကုမ္ပဏီရဲ့ပေးစာထဲမှာ Snap အနေနဲ့ ရှေ့လျှောက် ဝင်ငွေအလားအလာပိုင်းမှာ ရှေ့ရေးအမြင်အကန့်အသတ်တွေ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ Snap အမှုဆောင်အရာရှိချုပ် အီဗန်စပိုက်ဂဲလ်က ကုမ္ပဏီရဲ့နှစ်အလိုက်ဖွံ့ဖြိုးမှု ၈% ဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက ခန့်မှန်းထားတာထက် အများကြီး နည်းနေတယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီစီးပွားရေးတိုးတက်မှုအခြေအနေအရ ဝန်ထမ်းလျှော့ချမှုနဲ့အတူ Snapchat Originals Shows အများစုလည်း ဖျက်သိမ်းတာ တခြား ပရောဂျက်တွေလည်း ရပ်ဆိုင်းတာတွေ လုပ်နေပါတယ်။ 

Snap ဟာ Snap Games နဲ့ Zenly Social Mapping App အပြင် TikTok စတိုင် Music Sharing App တစ်ခုဖြစ်တဲ့ Voisey တို့ကိုလည်း ဆက်မထုတ်တော့ဘူးလို့ ကြေညာထားပါတယ်။ ကုမ္ပဏီဟာ ဒေါ်လာ ၂၃၀ တန် Snap Pixy Drone တွေလည်း ဆက်မထုတ်တော့တဲ့အကြောင်းကို ဩဂုတ်လဆန်းပိုင်းက ကြေညာထားတာပါ။ Pixy ဒရုန်းတွေ ဈေးကွက်ထဲ ဝင်ပြီး ၄ လ မကြာခင်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ 

ကုမ္ပဏီထုတ်ကုန်ဆိုင်ရာ သတင်းသစ်တွေနဲ့အတူ Snap ဟာ ကုမ္ပဏီရဲ့ထိပ်တန်းအမှုဆောင်အရာရှိတွေကိုလည်း ရာထူးပြောင်းလဲမှု လုပ်လာပါတယ်။ ၂၀၁၆ ခုနှစ်ကစလို့ Snap ကုမ္ပဏီ အင်ဂျင်နီယာပိုင်း အကြီးတန်းဒုဥက္ကဌတာဝန်ယူခဲ့သူ ဂျယ်ရီ ဟန်းတားကို လုပ်ငန်းလည်ပတ်ရေးအမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးတိုးပေးလိုက်တယ်လို့ ဆိုပါတယ်။ ဟန်းတားဟာ အမေရိက ၊ ဥရောပ ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက EMEA နဲ့ အာရှပစိဖိတ်ဒေသ APAC တွေမှာ ဝင်ငွေရှာဖွေရေးပိုင်း ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီဈေးကွက်သုံးနေရာအတွက် ဒေသတွင်းဥက္ကဌသစ် တစ်ဦးစီလည်း ထပ်တိုးသွားဖို့ ရှိပါတယ်။ 


"ဘယ်လိုအခြေအနေမျိုးမဆို Snap ရဲ့ ရေရှည်အောင်မြင်မှုမျိုး ရဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။ ဖွံ့ဖြိုးမှုနည်းတဲ့ အနေအထားမှာတောင် လွတ်လပ်ငွေကြေးစီးဆင်းမှုရဖို့ ၂၀၂၃ စီမံကိန်း တည်ဆောက်ထားပါတယ်။" လို့ ကုမ္ပဏီရဲ့ CEO ဖြစ်သူ အီဗန်စပိုက်ဂဲလ်က ပြောပါတယ်။ 

စုစုပေါင်း ဝန်ထမ်း ၆၅၀၀ အောက် ရှိတဲ့ Snap ဟာ ဝန်ထမ်းအင်အားရဲ့ ၂၀% ခန့် ဖြစ်တဲ့ လူပေါင်း ၁၃၀၀ ကို အလုပ်လျှော့လိုက်တာကြောင့် နှစ်အလိုက် ဒေါ်လာသန်း ၅၀၀ အကုန်အကျသက်သာတော့မယ်လို့လည်း သိရပါတယ်။  ဝန်ထမ်းလျှော့တဲ့ ကိစ္စဟာ Snap ကုမ္ပဏီတစ်ခုလည်း လုပ်ဆောင်နေတာတော့လည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ Twitter ၊ TikTok နဲ့ တခြား လူမှုကွန်ရက်ကုမ္ပဏီတွေဟာ ဝန်ထမ်းသစ်ခန့်အပ်မှု ရပ်ဆိုင်းတာ ၊ ဝန်ထမ်းတွေ အလုပ်ဖြုတ်တာတွေ လုပ်ဆောင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က