120Hz screen နဲ့ အကြီးစားဘက်ထရီပါဝါ သုံးထားတဲ့ Motorola Moto G51 ကို ကြေညာသွားပါတယ်။
Motorola နဲ့ China Mobile တို့ ပေါင်းပြီး တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တာပါ။ Moto G51 ဟာ Qualcomm ရဲ့ Snapdragon 480+ SoC ကို ပထမဆုံး သုံးလာတဲ့ ဖုန်းဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ Features တွေကတော့ အမြင့်စား Refresh Rate ပါ Display ၊ 50MP Triple ကင်မရာ နဲ့ အကြီးစား ဘက်ထရီပါဝါ သုံးလာတာပါပဲ။
Photo: GSMARena
Screen Size အနေနဲ့ ၆.၈ လက်မရှိတဲ့ Moto G51 ဟာ 120Hz Refresh Rate သုံးထားပြီး Touch Sampling Rate 240Hz ပါရှိပါတယ်။ Screen အပေါ်ထိပ်အလယ်တည့်တည့်မှာ ဆယ်လ်ဖီကင်မရာအတွက် punch-hole တစ်ခု ပါရှိပြီး 13MP Selfie ကင်မရာနဲ့ လာပါတယ်။ ကျောဘက်မှာ Fingerprint Scanner နဲ့အတူ ထောင်လိုက်ညာဘေးကပ် သုံးလုံးတွဲကင်မရာတွေ တပ်ဆင်ထားပါတယ်။
ကျောဘက်ကင်မရာထဲမှာ 50MP main sensor နဲ့အတူ 8MP Ultrawide နဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Moto G51 ဟာ Dolby စတီရီယိုစပီကာတွေနဲ့လာတဲ့ ဖုန်းဖြစ်ပြီး အကြီးစား 5000mAh ဘက်ထရီ သုံးထားပါတယ်။ ဘက်ထရီအားသွင်းမှုအနေနဲ့ 10W Charging ပဲ ပံ့ပိုးထားပါတယ်။ တခြား features တွေအနေနဲ့ USB Type C port နဲ့ 3.5mm headphone Jack တို့လည်း ပါရှိပါတယ်။
Moto G51 ဟာ Snapdragon 480+ SoC နဲ့လာတဲ့ ဖုန်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ 5G ကို SA / NSA mode နှစ်မျိုးစလုံးနဲ့ ချိတ်ဆက်နိုင်အောင် ပံ့ပိုးထားပါတယ်။ RAM 8GB/128GB storage တစ်မျိုးတည်းနဲ့လာပြီး MicroSD card slot လည်း ပေးထားပါတယ်။ Virtual RAM ကို 3GB အထိ တိုးနိုင်မယ်လို့လည်း ဆိုပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားပြီး MYUI 2.0 စနစ်နဲ့လာပါတယ်။
တရုတ်ဈေးကွက်မှာ Moto G51 ကို ၁၄၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။