စပီကာ ၄ လုံးနဲ့ Dolby Atmos အသံစနစ်တို့လည်း ပါဝင်ပါတယ်။

Android 12 စနစ်သုံး တန်ဖိုးသင့် တက်ဘလက်ဈေးကွက်ထဲ Motorola ထုတ်ကုန်သစ် ဝင်ရောက်လာပါတယ်။ 

Motorola တက်ဘလက်သစ် Moto Tab G62 ဟာ ၁၀.၆ လက်မ LCD Display နဲ့လာပြီး ကျောဘက်မှာ Dual Texture ဒီဇိုင်း သုံးထားပါတယ်။ Display ရုပ်ထွက် 2000 x 1200px ပါရှိပြီး Display ဘေးဘောင်ပတ်ပတ်လည်မှာ ဟန်ချက်မျှတဲ့ Bezel ဘောင်တွေ ပါရှိပါတယ်။ သတ္ထုကိုယ်ထည်နဲ့ လာတဲ့ Moto Tab G62 ဟာ 8MP ဘေးဘောင်ရှေ့ကင်မရာ နဲ့ ကျောဘက် ၁၁၈ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာတို့ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ 





Moto Tab G62 ကို Qualcomm Snapdragon 680 Chipset နဲ့ မောင်းနှင်ထားပြီး RAM 4GB/64GB Storage ပါရှိသလို external storage ကို 1TB Card အထိ ထပ်စိုက်နိုင်မယ့် microSD Card Slot လည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 7700mAh ဟာ USB-C Port ကနေတစ်ဆင့် 20W Charging နှုန်းအထိ အမြန်အားသွင်းမှု လုပ်ပေးနိုင်မှာပါ။ Moto Tab G62 မှာ 3.5mm headphone jack တစ်ခု ၊ စပီကာ ၄ လုံးနဲ့ Dolby Atmos အသံစနစ်တို့လည်း ပါဝင်ပါတယ်။

Motorola ထုတ် တက်ဘလက်သစ်ကို အရောင်တစ်မျိုးတည်းနဲ့ ထွက်ထားပြီး WiFi-Only ဗားရှင်းနဲ့ SIM Card ထည့် ဖုန်းပြောနိုင်တဲ့ LTE မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ WiFi မော်ဒယ်ကို ရူပီး ၁၆၀၀၀ (မြန်မာငွေ ၄ သိန်းခွဲနီးပါး) နဲ့ LTE ‌မော်ဒယ်ကို ရူပိး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က