၁၁ လက်မဆိုဒ် 2K Display နဲ့ ဈေးသင့်ပြီး ဆွဲဆောင်မှုရှိတဲ့ တက်ဘလက်တစ်မျိုးကို Realme က ကြေညာလိုက်ပါတယ်။
Realme ရဲ့ တတိယမြောက် တက်ဘလက်အဖြစ် မိတ်ဆက်လိုက်တဲ့ Realme Pad X ဟာ ၁၁ လက်မ FHD+ LCD Display နဲ့ လာပြီး Stylus Support ပေးထားတဲ့အပြင် အကြီးစား 8340mAh ဘက်ထရီလည်း ပါရှိပါတယ်။ Pressure-Sensitive ပါ Stylus ကတော့ သီးသန့်ဝယ်ရမှာပါ။ ဒီဇိုင်းပိုင်းမှာ Realme Pad Mini နဲ့ ဆင်ပြီး ထူးထူးခြားခြား စစ်တုရင်ခုံကွက်ပါ အစိမ်းနုရောင် Dual-Tone ကာလာဒီဇိုင်းတစ်မျိုးလည်း ထွက်ထားပါတယ်။
၇.၁ မီလီမီတာ ထူပြီး ၄၉၉ ဂရမ် အလေးချိန်ရှိတဲ့ ဒီတက်ဘလက်ဟာ နာမည်ကျော် iPad Pro သစ်တွေလိုမျိုး လေးထောင့်စပ်စပ်ဘောင် Flat Frame နဲ့လာပါတယ်။ ကျောဘက်ကင်မရာအိမ်ဟာ Realme Pad Mini စတိုင် လေးထောင့်ကင်မရာ Cutout ထဲမှာ ကျောဘက်ကင်မရာ 13MP တစ်လုံးတည်း သုံးထားပါတယ်။ ရှေ့ 8MP Wide-Angle ကင်မရာကတော့ ညာဘေးဘောင်မှာ တပ်ဆင်ထားလို့ Landscape အနေအထားနဲ့ Video Call ခေါ်ဆိုတာ ၊ Selfie ဆွဲတာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီတက်ဘလက်ဟာ အထက်နဲ့ အောက် စပီကာ ၄ လုံး တပ်ဆင်ထားပြီး Dolby Atmos နဲ့ Hi-Res Audio Support ပေးနိုင်မယ်လို့ ဆိုပါတယ်။ Type C Port တစ်ခုနဲ့ TF Card Slot လည်း အောက်ခြေမှာ ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 8340mAh ဟာ 33W Charging ပံ့ပိုးမှု ပါရှိလို့ အားသွင်းရမြန်သလို ကြာကြာလည်း အသုံးခံရဖို့ရှိပါတယ်။
Realme Pad X ဟာ Snapdragon 695 SoC နဲ့လာပြီး WiFi ဗားရှင်းတစ်မျိုးပဲ ထွက်ထားတာပါ။ Qualcomm ရဲ့ Midrange SoC နဲ့အတူ RAM 4/6GB ၊ Storage 128GB အထိ ထွက်ထားပြီး microSD Card နဲ့လည်း Storage ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ Realme UI 3.0 For Pad ကို သုံးထားပြီး Sea Blue ပြာရောင် ၊ Star Gray မီးခိုးနဲ့ Fluorescent Green အစိမ်း ၃ ရောင်နဲ့ ထွက်ထားပါတယ်။
4/64GB ဗားရှင်းကို ယွမ် ၁၃၀၀ (မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့ အမြင့်ဆုံးမော်ဒယ် 6/128GB အတွက် ယွမ် ၁၆၀၀ (မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးတွေနဲ့ တရုတ်မှာ စတင်ရောင်းချသွားမှာပါ။