VOOC charging စနစ် သုံးထားပါတယ်။

Xiaomi နဲ့ပုခုံးချင်း ယှဉ်ဖို့အတွက် Realme ကတော့ နောက်ထပ် လက်နက်တစ်ခုကို ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။

         Realme ဟာ ဈေးကွက်ထဲ ရောက်လာတာ ၁ နှစ်ကျော်ကျော် ၂ နှစ်ဝန်းကျင်ပဲ ရှိသေးတဲ့ brand တစ်ခု ဖြစ်ပေမယ့် မော်ဒယ်တစ်ခုနဲ့တစ်ခုအကြားမှာ ထူးခြားဆန်းသစ်မှုတွေ သုံးထားတဲ့ brand ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ Realme 3 ကို ကြေညာခဲ့စဉ်ကတည်းက စိတ်လှုပ်ရှားစရာကောင်းတဲ့ ထုတ်ကုန်တစ်ရပ်ကို မြင်ခဲ့ရသလို ဒီတစ်ခေါက်မှာ processor ပိုကောင်းပြီး RAM ပိုမြင့်တဲ့ Pro မော်ဒယ်ကို ကြေညာလိုက်တာပါ။

         Xiaomi Redmi Note 7 Pro ကို တိုက်ရိုက်ယှဉ်ဖိုက်ဖို့အတွက် ထွက်လာတဲ့ Realme 3 Pro ဟာ ၆.၃ လက်မ FullHD+ screen ပါရှိပြီး ကျောဘက်ကာဗာဟာ ပြေးလမ်းပုံ curves တွေနဲ့ထွက်လာတာ ထူးခြားနေပါတယ်။ waterdrop notch သုံးထားတဲ့ display ကို ကာကွယ်ဖို့အတွက်တော့ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass 5 အုပ်ထားပါတယ်။ ဒီဖုန်းရဲ့ ထူးခြားမှုတစ်ခုက processor ဖြစ်ပါတယ်။

         Redmi Note 7 Pro မှာ Snapdragon 675 SoC သုံးသွားချိန်မှာ Realme 3 Pro ဟာ mid-ranger chipset အဖြစ် နာမည်ကြီးတဲ့ Snapdragon 710 processor ကို သုံးပြသွားတာပါ။ ဒီအပိုင်းမှာ Redmi Note 7 Pro ဟာ နောက်ကောက်ကျသွားတယ်လို့ပြောနိုင်ပါတယ်။ ဒီ processor နဲ့အတူ RAM 4GB/6GB နှစ်မျိုးနဲ့သုံးစွဲသူများ ရွေးချယ်ဝယ်ယူစရာ storage option ကို 128GB အထိ ထုတ်လုပ်ထားတာကလည်း နှစ်သက်စရာပါ။

         နောက်ထပ် စိတ်ဝင်စားစရာက Realme 3 Pro ဟာ Fortnite Mobile ကစားနိုင်တဲ့ ဖုန်းဖြစ်သလို PUBG ကိုလည်း high settings နဲ့default ကစားနိုင်တာ ပါပဲ။ ဒီအချက်က လူငယ်တွေကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ယူဆရပါတယ်။ 10nm process နဲ့ထုတ်ထားတဲ့ Snapdragon 710 ကို Adreno 616 နဲ့တွဲထားတာကြောင့် Realme 3 Pro ဟာ အမြင့်ဂိမ်းတွေ နိုင်တာပါ။ ဒါ့အပြင် Realme 3 Pro မှာ Hyperboost 2.0 စနစ် ၊ ဂိမ်းကစားစဉ်မှာ သွက်လက်မြန်ဆန်စေမယ့် Game Boost စနစ်တို့လည်း သုံးထားပါတယ်။

Photo: PhoneRadar

         ကင်မရာပိုင်းမှာ Realme 3 Pro ဟာ 16MP+5MP ကျောဘက် ကင်မရာနှစ်လုံးတွဲ စနစ်ကို သုံးထားလို့Sony IMX 586 sensor သုံး 48MP နဲ့လာတဲ့ Redmi Note 7 Pro လောက်တော့ ရင်ခုန်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း ဆော့ဖ်ဝဲလ်အားပြုမှုနဲ့ဆိုရင် Realme 3 Pro ဟာ 64MP ပုံရိပ်တွေ ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ဘက်မှာတော့ 25MP selfie ကင်မရာနဲ့လာပြီး EIS နဲ့4K ဗွီဒီယိုဖမ်းတာ ၊ 960fps နှုန်းနဲ့Slo-mo ရိုက်တာတွေ လုပ်နိုင်မှာပါ။

         Realme တွေဟာ ဘက်ထရီကောင်းတဲ့ ဖုန်းတွေအဖြစ် လူသိများပါတယ်။ Realme 3 Pro မှာလည်း 4045 mAh ဘက်ထရီကိုမှ 20W VOOC charging ပါလာတာ အတော်လေး လန်းပါတယ်။ တစ်ခုရှိတာက OPPO ရဲ့ VOOC 3.0 နဲ့လာပေမယ့် ဒိတ်အောက်နေတဲ့ microUSB Port ပဲ သုံးထားတာတစ်ခုကတော့ အားနည်းချက်လို့ဆိုရမှာပါ။ ဒီဖုန်းဟာ Carbon Gray ၊ Nitro Blue နဲ့Lightning Purple ကာလာ သုံးရောင်နဲ့လာပြီး ဈေးနှုန်းက မြန်မာငွေ ၃ သိန်းခန့်နဲ့စတင်ပါတယ်။

         အိန္ဒိယမှာ RAM 4GB/64GB မော်ဒယ် Realme 3 Pro ကို ၁၃၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း) ၊ RAM 6GB/128GB storage ကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ရသောင်းခန့်) ဈေးတွေနဲ့အွန်လိုင်း Offline ဆိုင်တွေမှာ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က