90Hz display ရော မြင်ရမလား

64MP ကင်မရာနဲ့မြန်မာငွေ ၃ သိန်းခွဲ ဈေးကနေ စတင်ရောင်းချနေတဲ့ Realme XT ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ upgraded ဗားရှင်းသစ်နဲ့ထွက်လာဦးမှာပါ။

Photo: xda-developers


Realme XT standard ဗားရှင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ထွက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး 64MP ကင်မရာသုံးတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Realme XT ဖုန်းဟာ ကျောဘက်မှာ Quad Camera စနစ်နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာပါ waterdrop notch ဒီဇိုင်းနဲ့ထွက်ထားတာပါ။

Realme XT မှာ Snapdragon 712 Processor ကို သုံးခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာမှာ မြင်ရမယ့် Realme XT ဖုန်းသစ်ကတော့ GPU clock speed မြင့်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည် ပိုကောင်းတဲ့ Snapdragon 730G SoC နဲ့လာမှာပါ။ processor သစ် သုံးတာက အဓိက အပြောင်းအလဲ ဖြစ်ဖို့ရှိပြီး ကျန်တဲ့ ဒီဇိုင်းနဲ့ကင်မရာက မူလဗားရှင်းအတိုင်း ဖြစ်ဖို့ရှိပါတယ်။


Photo: GSMArena

ဘက်ထရီပါဝါဟာ ရိုးရိုး Realme XT မှာလိုပဲ 4000 mAh ပါဝါကို သုံးသွားမှာ ဖြစ်ပေမယ့် 30W VOOC Flash Charging ပါလာမယ်လို့ယူဆရပါတယ်။ နောက်ထပ် စောင့်ကြည့်သင့်တာက 90Hz display ပါမယ်ဆိုတဲ့ သတင်းပါ။ Realme ရဲ့ ထုတ်ကုန်မန်နေဂျာ ဝမ်ဒါးရက်ခ်ရဲ့ Weibo လူမှုကွန်ရက်မှာ တင်ထားတဲ့ ပို့စ်အရ Realme ဟာ 90Hz display အမျိုးအစားကို ဖုန်းသစ်မှာ မိတ်ဆက်မယ်လို့ဆိုထားပါတယ်။

ဒီဇင်ဘာလထဲမှာ အံ့အားသင့်စရာတွေ ပိုမြင်ရမယ်လို့ကြော်ငြာထားတဲ့ Realme ဟာ တကယ်ပဲ စိတ်လှုပ်ရှားစရာ ဖုန်းသစ်ကို ကြေညာသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က