အတော်ကို ချီးကျူးစရာကောင်းလာတဲ့ နောက်ထပ် Upper Mid-Ranger တစ်လုံးပါပဲ

ဘေးဘောင်လေးဘက်လုံး ကွေးညွှတ်ထားပြီး ဆွဲဆောင်အားမြင့်တဲ့ Honor ရဲ့ ရဲ့ တန်းမြင့်ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

တစ်ခါက Huawei ပိုင် စမတ်ဖုန်း Brand တစ်ခုဖြစ်ခဲ့တဲ့ Honor ကနေ Honor 60 နဲ့ Honor 60 Pro ဆိုပြီး ဖုန်းသစ်နှစ်မျိုး ကြေညာလိုက်တာ ဖြစ်ပါတယ်။ Pro မော်ဒယ်ဟာ ဒီဇိုင်းထူးခြားသလို ဖုန်းစွမ်းဆောင်ရည် ၊ ကင်မရာနဲ့ Features ပိုင်းမှာ ချီးကျူးစရာအဖြစ် မြင်တွေ့ခဲ့ရတာပါ။ 



Photo: ashiqnotes


Honor Magic စတိုင် ဖုန်းထောင့်စွန်းလေးနေရာစလုံး ခပ်လုံးလုံးထားပြီး Screen ကို လေးဘက်စလုံး ခုံးထားတဲ့ ဒီဇိုင်းသုံးထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၇၈ လက်မ OLED Panel ဟာ ရုပ်ထွက် 2652 x 1200px ရုပ်ထွကနဲ့လာပြီး တစ်လက်မ pixel အရေအတွက် 429ppi ၊ Screen contrast အချိုး 5000W: 1 ၊ DPI-P3 100% wide color gamut ၊ HDR10+ ၊ 1.07 billion color display နဲ့ 120Hz refresh rate စတဲ့ display စွမ်းဆောင်ရည်တွေ ပါဝင်မယ်လို့ ကုမ္ပဏီက ကြောငြာထားပါတယ်။

Display ပိုင်းမှာ ကြာရှည်ဖုန်းသုံးသူတွေ မျက်စိမထိအောင် Blue Light လျှော့ပေးနိုင်စွမ်းမှာ RhienlandTUV ထောက်ခံချက်ရထားတယ်လို့လည်း ဆိုပါတယ်။ Display အပြင် Screen ရဲ့ လေးဘက်ချ ကွေးညွှတ်မှု ၊ ဘောင်တွေ မရှိသလောက် ဖြစ်အောင် ပါးလွှာမှုတို့ကလည်း ချီးကျူးစရာပါ။ကျောဘက်မှာ ထောင်လိုက်လက်စွပ်နှစ်ကွင်းပုံစံ ကင်မရာဖွဲ့စည်းမှုနဲ့လာပြီး အရောင်တလက်လက်ဖြစ်မယ့် Gradient ဒီဇိုင်း သုံးထားပါတယ်။ 

ရှေ့ဖုန်းအပေါ်အလယ်တည့်တည့်မှာ 50MP AI Super-Sensing ကင်မရာ သုံးထားပြီး ကျောဘက်မှာ 108MP Main Sensor ၊ ၁၂၂ ဒီဂရီ မြင်ကွင်းကျယ်ရိုက်နိုင်မယ့် 50MP Ultra-wide ကင်မရာနဲ့ 2MP depth sensor တို့ ပါရှိမှာပါ။ ဖုန်းကို လက်နဲ့ မကိုင်ဘဲ လက်အမူအရာနဲ့ လှမ်းပြီး ကင်မရာကို ထိန်းချုပ်နိုင်မယ့် Hands-Free အတွေ့အကြုံကိုလည်း AI နည်းပညာနဲ့ suppor ပေးထားတယ်လို့ ဆိုပါတယ်။ 

Photo: GSMArena


Honor 50 စီးရီးကစပြီး အမေရိကန်ထုတ်ကုန်တွေ သုံးလာနိုင်ပြီ ဖြစ်လို့ အခု Honor 60 Pro သစ်မှာလည်း processor အနေနဲ့ 5G ကွန်ရက်ချိတ်ဆက်မှုပါ Qualcomm ရဲ့ Snapdragon 778G+ SoC သုံးထားသလို Google Mobile Services တွေလည်း တရားဝင် ပါရှိလာပါတယ်။ RAM 8GB နဲ့ RAM 12GB ဗားရှင်း နှစ်မျိုးထွက်ထားပြီး နှစ်မျိုးစလုံးအတွက် internal storage 256GB တစ်မျိုးပဲ လာမှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့လည်း Android 12 ကို အခြေခံထားတဲ့ Magic UI 5.0 နဲ့ထွက်လာမယ်လို့ ဆိုပါတယ်။

Honor 60 Pro ဟာ 4800 mAh ဘက်ထရီ ၊ စမတ်ပါဝါ saving engine နဲ့ 66W fast charging ပံ့ပိုးမှုတွေ ပါရှိပါတယ်။ ဒီဖုန်းမှာ နောက်ဆုံးပေါ် နည်းပညာတွေ ဖြစ်တဲ့ WiFi 6 ၊ NFC ၊ Dual 5G နဲ့ Bluetooth 5.2 စနစ်တို့လည်း အထောက်အပံ့ပေးထားပြီး အနိမ့်ဆုံးမော်ဒယ်ကို ၃၆၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) နဲ့ အမြင့်မော်ဒယ်ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က