Asus ရဲ့ ဂိမ်းဖုန်းစီးရီး ROG ကနေ ROG Phone 6 နဲ့ ROG Phone 6 Pro တို့ အသစ်ထွက်လာပါတယ်။
အမိုက်စား Gaming ဖုန်းသစ် မျှော်နေသူတွေအတွက် Republic Of Gamers ဖုန်းစီးရီးထဲက အသစ်ထွက်တဲ့ ထုတ်ကုန်နှစ်မျိုးဟာ Qualcomm ရဲ့ အဆင့်မြင့်ဆုံး Snapdragon 8+ Gen 1 Processor နဲ့လာပြီး Internal Storage 512GB အထိ ထွက်ထားပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၇၈ OLED Screen အရွယ်အစား သုံးထားပြီး Display ပိုင်း Refresh Rate နဲ့ Touch Sampling Rate တို့ကို 165Hz နဲ့ 720Hz အထိ မြှင့်တင်လာပါတယ်။
Photo: GSMArena
Refresh Rate အနေနဲ့ 165Hz Mode အပြင် 60Hz ၊ 90Hz ၊ 120Hz ၊ 144Hz ဆိုပြီးလည်း ကိုယ့်အကြိုက်နဲ့ကိုယ် သတ်မှတ်ထားနိုင်ပါတယ်။ auto mode မှာ အမြင့်ဆုံး တောက်ပမှု 1200nit ရှိပြီး မှန်ကို အစင်းအခြစ်ဒဏ်ကာကွယ်ဖို့ Gorilla Glass Victus အုပ်ပေးထားပါတယ်။ ROG Phone 6 နဲ့ ROG Phone 6 Pro တို့နှစ်မျိုးလုံးအတွက် 6000mAh ဘက်ထရီ သုံးထားပြီး ကျောဘက်ကင်မရာစနစ်ကို သုံးလုံးတွဲ သုံးထားတာပါ။
ကင်မရာအနေနဲ့ ရှေ့ဘက် 12MP Sony IMX663 နဲ့လာပြီး ကျောဘက်မှာ 50MP Sony IMX766 ၊ 13MP Ultrawide Lens နဲ့ 5MP Macro Lens ဆိုပြီး ကင်မရာအဆင့်မြှင့်တင်မှုတွေ လုပ်ပေးထားပါတယ်။ ရှေ့ဘက် Dual Front-Facing စပီကာနှစ်လုံး ၊ မိုက်ခရိုဖုန်း ၃ ခု ၊ Dirac Virtuo Spatial Autio နဲ့ နားကြပ်ပေါက်တစ်ခုတို့ ပါဝင်ပြီး IPX4 Ratinပေါလို့ တော်ရုံ ရေစင်တာလောက်ကို ခံနိုင်ရည်ရှိမှာပါ။
Gaming ဖုန်းဖြစ်တဲ့အတိုင်း ဖုန်း ကျောဘက်နဲ့ ညာဘေးဘောင်မှာ ဂိမ်းကစားမှုကို ထိန်းချုပ်နိုင်ဖို့ AirTrigger Ultrasonic ခလုတ်တွေ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းမှာလည်း အအေးပေးမှုစနစ်ကို ပိုကောင်းအောင် တည်ဆောက်ထားပြီး Asus ရဲ့ အဆိုအရ အရင်ထက် ၃၀% အရွယ်အစား ပိုကြီးလာတဲ့ Vapor Chamber တစ်ခု သုံးထားတယ်လို့ ဆိုပါတယ်။ ဖုန်းအပူကို ထိန်းချုပ်ဖို့အတွက် ဂိမ်းကစားရာမှာ Controller လိုလည်း သုံးနိုင်မယ့် Aeroactive Cooler ဆိုတဲ့ ဖုန်းမှာ တပ်ဆင်နိုင်မယ့် Clip-On Fan တစ်ခုပါ မိတ်ဆက်ထားပါတယ်။
Photo: GSMArena
ROG Phone 6 နဲ့ Phone 6 Pro တို့မှာ ဘက်ထရီ cells အနေနဲ့ 3000mAh နှစ်ခုခွဲပြီး 6000mAh အား သုံးထားပါတယ်။ USB-C ports ကိုလည်း ဖုန်းဘေးဘောင်တစ်ခု နဲ့ အောက်ခြေတို့မှာ တစ်ခု စုစုပေါင်း နှစ်ခု သုံးထားပါတယ်။ အားသွင်းစနစ်ပိုင်းမှာ 65W Wired Charging နဲ့ လာပါတယ်။ Software ပိုင်းအတွက် Android 12 ကို အခြေခံထားတဲ့ ROG UI နဲ့ Zen UI တို့ အုပ်ပေးထားပါတယ်။ ROG Phone 6 ကို 12GB/16GB LPDDR5 RAM တွေနဲ့ ထုတ်ထားပြီး Pro မော်ဒယ်မှာ RAM 18GB အထိ ထွက်ပါတယ်။ Storage အနေနဲ့ UFS 3.1 စနစ်သုံး 256GB ၊ 512GB တွေနဲ့ ထွက်ထားပါတယ်။
ROG Phone 6 (12GB RAM /256GB Storage) ကို ဥရောပဈေးကွက်မှာ ယူရို ၁၀၀၀ (မြန်မာငွေ သိန်း ၂၀ ခန့်) ကနေ စတင်ရောင်းချသွားမှာပါ။ RAM 18GB/512GB Storage ရှိတဲ့ အမြင့်ဆုံးမော်ဒယ် ROG Phone 6 Pro ကိုတော့ ယူရို ၁၃၀၀ (မြန်မာငွေ ၂၆ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။