Motorola ရဲ့ Flagship ဖုန်းသစ်ကို ကမ္ဘာ့ဈေးကွက်မှာ မိတ်ဆက်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Snapdragon 8 Gen 1 SoC ကို Motorola X30 နဲ့အတူ ပထမဆုံးသုံးခဲ့တဲ့ Motorola ကနေ နောက်ထပ် SD 8 Gen 1 SoC သုံး Flagship ဖုန်းကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Moto Edge 30 Pro ဟာ Screen Size ၆.၇ လက်မ P-OLED Display နဲ့ပဲ လာပြီး Full HD+ ရုပ်ထွက်ပါရှိပါတယ်။
Photo: Android Police
Screen Refresh Rate အနေနဲ့ 144Hz ၊ Touch Sampling Rate 360Hz တို့နဲ့ လာပြီး Stylus သုံးမယ်ဆိုရင် 240Hz Touch Sampling Rate ကို ကျသွားမှာပါ။ 10-bit Screen ဟာ HDR+ Support ပေးထားပြီး punch-hole ပေါက်ထဲမှာ 60MP Selfie ကင်မရာ ထည့်သွင်းလာပါတယ်။
ကင်မရာ လုပ်ဆောင်ချက်အနေနဲ့ အဖွဲ့လိုက် Selfie ဆွဲရာမှာ မျက်နှာအားလုံးပြုံးတာနဲ့ ဓါတ်ပုံရိုက်ပေးမယ့် Auto Smile Capture စနစ် ပါလာသလို ကာလာနဲ့ ရုပ်ထွက်ဖွဲ့စည်းမှု ပိုကောင်းစေဖို့ AI Algorithms တွေလည်း အများကြီး ထည့်ထားပါတယ်။ ကျောဘက်ကင်မရာဖွဲ့စည်းမှုက Edge 30 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ထောင်လိုက် ၃ လုံးတွဲကင်မရာထဲမှာ 50MP Main Sensor ၊ 50MP Ultrawide နဲ့ 2MP Depth Sensor ဆိုပြီး သုံးလာပါတယ်။
ဘက်ထရီပါဝါ 4800mAh ဟာ 68W Fast Charging အမြန်အားသွင်းနည်းပညာ ပါရှိပြီး 15W Wireless Charging နဲ့ 5W Reverse Wireless Power Share နည်းပညာတို့လည်း ထည့်သွင်းထားပါတယ်။ Cosmos Blue နဲ့ Stardust White နှစ်ရောင်နဲ့လာပြီး 12GB/256GB ဗားရှင်းကို ဥရောပဈေးကွက်မှာ ၇၉၉ ယူရို (မြန်မာငွေ ၁၆ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။