Samsung ဟာ အခုဆိုရင် ကုမ္ပဏီရဲ့ စတုတ္ထမြောက် 5G ဖုန်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ Samsung ဟာ Galaxy S10 5G ၊ Galaxy Note 10 5G နဲ့Galaxy Note 10+ 5G ဆိုပြီး 5G စမတ်ဖုန်း ၃ မျိုး ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ ဖုန်းသုံးမျိုးစလုံးဟာ ပရီမီယံတန်းဝင် high-end မော်ဒယ်တွေ ဖြစ်ပြီး Galaxy A90 5G ကတော့ 5G ရတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ပရီမီယံတန်းဝင် mid-range ဖုန်းလို့ဆိုရမှာပါ။
Photo: techmoran
mid-range စီးရီး Galaxy A ဖုန်းတစ်မျိုး ဖြစ်တဲ့ Galaxy A90 5G ဟာ ၂၀၁၉ အတွက် flagship processor ဖြစ်တဲ့ Snapdragon 855 SoC နဲ့လာပြီး RAM 6GB နဲ့8GB နှစ်မျိုး ထွက်ထားပါတယ်။ Android 9 Pie စနစ် သုံးထားပြီး built-in storage 128GB ပါရှိပါတယ်။
RAM 6GB ဗားရှင်းမှာ 512GB အထိ storage ထပ်တိုးနိုင်မယ့် microSD card slot ပါရှိပါတယ်။ Galaxy A90 5G မှာ ထူးခြားလာတာက Galaxy A series တွေထဲမှာ ပထမဆုံးအနေနဲ့Samsung Dex နဲ့ချိတ်ဆက်နိုင်တာကြောင့် ဖုန်းကို လက်ပ်တော့နဲ့စမတ်တီဗွီပေါ် ပြောင်းလဲ ချိတ်ဆက်အသုံးပြုနိုင်တော့မှာပါ။
မျက်နှာပြင် ၆.၇ လက်မ Super AMOLED display သုံးထားတဲ့ Galaxy A90 5G ဟာ ရှေ့ကင်မရာနေရာပဲ ကွက်ချန်ထားတဲ့ Infinity U display နဲ့လာပြီး fingerprint ကိုတော့ ဖုန်းမှန်ပြင်အောက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းကျောဘက်မှာ ကင်မရာ ၃ လုံးတွဲစနစ်နဲ့အတူ Geomeric pattern ဆန်းကို သုံးထားပါတယ်။
Photo: The Verge
ရှေ့ကင်မရာဟာ 32MP ဆယ်လ်ဖီကင်မရာ ဖြစ်ပြီး လူငယ် စမတ်ဖုန်းသုံးစွဲသူတွေ အကြိုက် features တွေ ဖြစ်တဲ့ Live Focus Mode တွေ သုံးနိုင်မှာပါ။ ကျောဘက်ကင်မရာတွေကိုလည်း အဆင့်မြှင့်တင်မှု လုပ်ထားပြီး primary ကင်မရာ 48MP နဲ့အတူ 8MP ultra-wide နဲ့5MP depth sensor ဆိုပြီး သုံးထားပါတယ်။ ဒီကင်မရာတွေဟာ Super Steady ရုပ်ငြိမ်စနစ် ၊ Scene Optimizer လို ရိုက်ကွင်းကို အဆင့်မြှင့်ပေးမယ့် feature နဲ့Flaw Detector features တွေ ပါရှိပါတယ်။
ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ပြီး 25W fast charging ပံ့ပိုးမှု ပါလာပါတယ်။ အရောင်ကတော့ အနက်နဲ့အဖြူ နှစ်ရောင်တည်း ထွက်ထားပြီး တောင်ကိုရီးယား ဈေးကွက်မှာ ပထမဆုံး ဖြန့်ချိမှာပါ။ ဈေးနှုန်း မသိရသေးပေမယ့် ကိုရီးယားဝမ် ၉ သိန်း ( မြန်မာငွေ ၁၁ သိန်းကျော်) ဈေးဝန်းကျင်နဲ့ရောင်းချသွားမယ်လို့သတင်းတွေ ထွက်နေပါတယ်။