ဖေဖော်ဝါရီ ၂၅ ရက် မိတ်ဆက်သွားမှာပါ

အိန္ဒိယဈေးကွက်ထဲ 5G ဖုန်းအဖြစ် ပထမဆုံး ဝင်ရောက်လာမယ့် iQOO 3 5G အကြောင်း အချက်အလက်သစ်တွေ ထွက်ပေါ်လာပြီ။

iQOO 3 5G ဟာ Snapdragon 865 SoC ကို အစောဆုံး သုံးလာတဲ့ flagship ဖုန်းစာရင်းဝင်မှာပါ။ Qualcomm ရဲ့ ၂၀၂၀ flagship SoC တစ်ခုဖြစ်တဲ့ Snapdragon 865 processor ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ကြေညာခဲ့တာ ဖြစ်ပြီး ဒီ processor ကို ပထမဆုံး သုံးလာတဲ့ ဖုန်းတွေကတော့ Galaxy S20 စီးရိးနဲ့ Xiaomi Mi 10/Mi 10 Pro တို့ ဖြစ်ပါတယ်။



Galaxy S20 စီးရီးကို Global Launch လုပ်မှာ ဖြစ်ပေမယ့် Xiaomi Mi 10 ဖုန်းသစ်တွေကတော့ တရုတ်ဈေးကွက်မှာပဲ ဖြန့်ဦးမှာပါ။ ဖေဖော်ဝါရီ ၂၄ နဲ့ ၂၅ ရက်တွေမှာ Qualcomm Snapdragon 865 processor သုံးသွားမယ့် Realme X50 Pro နဲ့ iQOO 3 တို့ကို မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

iQOO 3 ဟာ screen size ၆.၄ လက်မ FHD+ AMOLED display နဲ့ လာပြီး screen refresh rate 90Hz သုံးသွားမယ်လို့ သတင်းထွက်ထားပါတယ်။ punch hole display အမျိုးအစား သုံးသွားဖို့ ရှိပြီး Gaming အသားပေး ဖုန်းဖြစ်လို့ 4D Game Vibration ၊ Eagle Eye Display သစ်နဲ့ ဂိမ်းကစားမှုကို အဆင့်မြှင့်ပေးမယ့် 180Hz touch response rate များ ပါဖို့ ရှိပါတယ်။

Photo: GSMArena


iQOO 3 ကို 4G နဲ့ 5G ဗားရှင်း နှစ်မျိုးနဲ့ မိတ်ဆက်သွားဖို့ ရှိပြီး Ram 12GB /256GB storage အထိ သုံးလာဖို့ ရှိပါတယ်။ ကျောဘက်မှာ ကင်မရာလေးလုံးတွဲစနစ် သုံးသွာဖို့ ရှိပြီး 48MP primary ကင်မရာ သုံးမယ်လို့ သတင်းထွက်ထားပါတယ်။ ရှေ့ဘက် selfie ကင်မရာတစ်လုံးနဲ့ ဆိုရင် iQOO 3 ဟာ စုစုပေါင်း ကင်မရာ ၅ လုံး သုံးသွားမှာပါ။

ဘက်ထရီပါဝါဟာ 4400 mAh ဖြစ်ပြီး 55W fast charging ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကို မိတ်ဆက်ပွဲမှာ ထပ်ပြီး ကြားသိရမှာပါ။

Share

Loading Next Article...
က္က