လအတန်ကြာအောင် သတင်းတွေ ထွက်ခဲ့တဲ့ Samsung ရဲ့ Fan Edition မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Galaxy S21 FE 5G ဟာ လော့စ်အိန်ဂျလိစ် CES ပွဲမတိုင်ခင် မိတ်ဆက်လိုက်တာ ဖြစ်ပြီး အရင်နှစ်က ထွက်ခဲ့တဲ့ 5G ချိတ်ဆက်မှုရ Qualcomm ရဲ့ flagship processor Snapdragon 888 SoC နဲ့လာတာပါ။ တရားဝင်မကြေညာခင်က မြင်တွေ့ခဲ့ရတဲ့ ဒီဇိုင်းနဲ့ပဲ လာတာ ဖြစ်ပြီး Screen Size ၆.၄ လက်မရှိပါတယ်။ FHD+ AMOLED Screen အမျိုးအစားဖြစ်ပြီး 120Hz Refresh Rate ၊ 240Hz Touch Sampling Rate တို့ ပါရှိပါတယ်။
Photo: pinkvilla
ရှေ့ဘက် punch-hole ပေါက်ထဲမှာ 32MP focus ပါ ဆယ်လ်ဖီကင်မရာ ပါရှိပြီး ကျောဘက်မှာ 12MP Ultrawide ၊ OIS ပါ 12MP Main ကင်မရာနဲ့ 3x tele ကို အငြိမ်ဆွဲရိုက်နိုင်မယ့် 8MP ကင်မရာတို့ ပါဝင်ပါတယ်။ ကင်မရာစွမ်းဆောင်ရည်အနေနဲ့ဓါတ်ပုံ ၁၄ ပုံအထိ ယူပြီး Multi-Frame တစ်ပုံချင်းထွက်အောင် စီစဉ်ထားတဲ့ Night Mode ၊ ရှေ့နောက် ကင်မရာအကုန်လုံးကို ပေါင်းပြီး ဗွီဒီယိုတစ်ခု ရိုက်နိုင်မယ့် Multi-Camera ရိုက်ကူးမှုစနစ်နဲ့ Deep Learning သုံးပြီး AI နဲ့ မျက်နှာပုံဖော်တဲ့စနစ်တွေလည်း ပါဝင်ပါတယ်။
ကိုယ်ထည်နဲ့ ဖုန်းအလေးချိန်ဟာ အရင် FE မော်ဒယ်ထက် ပိုပါးလွှာပြီး ပိုပေါ့ပါးလာပါတယ်။ Samsung ရဲ့ Contour Cut ဒီဇိုင်း သုံးထားတာ ဖြစ်လို့ နောက်ဘက် ကင်မရာအိမ် Bump ဟာ ကျောဘက်ကာဗာနဲ့ တစ်သားတည်းဖြစ်လာပြီး Matte ဒီဇိုင်းနဲ့ ထုတ်တာပါ။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 4G LTE ၊ 5G ၊ NFC နဲ့ USB Type-C port တို့ ပါဝင်ပါပြီး မှန်ပြင်အောက် လက်ဗွေလုံခြုံရေးနည်းပညာ သုံးထားပါတယ်။
ဘက်ထရီပါဝါ 4500mAh ဟာ 25W Wired Charging ၊ 15W Wireless Charging အားသွင်းနည်းပညာတွေ ပံ့ပိုးထားသလို တခြားထုတ်ကုန်တွေကိုလည်း ပြန်အားသွင်းပေးနိုင်တဲ့ Wireless PowerShare နည်းပညာ ထည့်သွင်းထားပါတယ်။ အဖြူရောင် ၊ ဂရပ်ဖိုက်ရောင် ၊ လာဗင်ဒါခရမ်း နဲ့ သံလွင်စိမ်း ၄ ရောင်နဲ့လာပြီး 8/128GB မော်ုယ်ကို ပေါင် ၇၀၀ (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။