Qualcomm ရဲ့ High-End chip သစ်ကို Xiaomi က ပထမဆုံးသုံးသွားမယ်လို့ ဆိုပါတယ်။
Android ဖုန်းတွေထဲမှာ Snapdragon 898 SoC ကို Xiaomi နဲ့ Motorola တို့က အစောဆုံး သုံးလာမှာ ဖြစ်တယ်လို့ Digital Chat Station က ပြောပါတယ်။ Moto ရဲ့ Snapdragon 898 SoC သုံး High-End ဖုန်းလည်း နှစ်အကုန်လောက်မှာ ထွက်ဖို့ ရှိပါတယ်။ Snapdragon 898 chipset ကို ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ ထွက်မယ့် Galaxy S22 စီးရီးမှာလည်း သုံးသွားဖို့ ရှိပါတယ်။
Photo: sparrowsnews
Huawei ရဲ့ Flagship ဖုန်း Huawei Mate 50 စီးရီးသစ်တွေမှာလည်း ဒီ chip ကို သုံးလာဖို့ ရှိပေမယ့် 4G ဗားရှင်းကိုပဲ သုံးလာဖို့ ရှိပါတယ်။ IceUniverse က ပြန် Share ထားတဲ့ Snapdragon 898 chip သစ်ရဲ့ Geekbench scores အရ ဒီ chipset သစ်ဟာ Snapdragon 888 SoC ထက် ၁၅% ပိုမြင့်ပြီး Snapdragon 888+ ထက် ၅% ပိုကောင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါက Finalize ထုတ်ကုန်မဟုတ်လို့ တကယ်တမ်း Performance က ဒီထက်မက ပိုကောင်းနိုင်ပါတယ်။
Snapdragon 898 chipset ဟာ Adreno 730 GPU သစ်နဲ့လာမယ်လို့ သတင်းထွက်နေပါတယ်။ Adreno 730 GPU ဟာ အရင် Snapdragon 888 နဲ့ 888+ တို့မှာ သုံးခဲ့တဲ့ Adreno 660 ထက် ဂရပ်ဖစ်ပိုင်းစွမ်းဆောင်ရည် သိသိသာသာ မြင့်လာမှာပါ။ Snapdragon 898 ဟာ X65 5G modem သစ်နဲ့လာပြီး 4nm process ပေါ်မှာ တည်ဆောက်မယ်လို့လည်း သတင်းတွေ ကြားနေပါတယ်။
Photo: notebookcheck
Qualcomm ဟာ နှစ်တိုင်း ဒီဇင်ဘာပထမပတ်တွေမှာ Flagship Chipset သစ်ကို ကြေညာလေ့ရှိပါတယ်။ Xiaomi CEO ကလည်း Qualcomm ထုတ်ကုန်သစ်တိုင်းကို အစောဆုံးသုံးနိုင်တဲ့ ထုတ်ကုန်တွေ ထုတ်မယ်လို့ ကတိပြုထားတာပါ။ Xiaomi 12 ကို ဒီဇင်ဘာထဲမှာ စတင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာလထဲမှာပဲ တရုတ်ဈေးကွက်ထဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။
Global Launch ကိုတော့ နောက်နှစ် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလထဲမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လောလောဆယ် သတင်းတွေအရ Xiaomi 12 ဟာ punch hole ကင်မရာဒီဇိုင်း နဲ့ ဘေးဘောင်ကွေး display ကိုပဲ သုံးမယ်လို့ ယူရပါတယ်။