အောက်တိုဘာ (၁၄) ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲ လက်မှတ်မရလိုက်တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ပါပဲ။ စိုင်းစိုင်းက အဲ့ဒီသတင်းကောင်းလေးကို ဒီနေ့(အောက်တိုဘာ၃ရက်)မှာ ပြောပြလိုက်ပါတယ်။
အောက်တိုဘာ (၁၄) ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲ လက်မှတ်မရလိုက်တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ စိုင်းစိုင်းက အဲ့ဒီသတင်းကောင်းလေးကို ဒီနေ့(အောက်တိုဘာ၃ရက်)မှာ ပြောပြလိုက်ပါတယ်။ အမျိုးသားကဇာတ်ရုံရဲ့ စင်ရှေ့ စင်နဲ့ အနီးဆုံး နေရာတွေကို မဲဖောက်ပေးမယ်လို့ ကြေညာခဲ့တာပါ။
Photo : စိုင်းစိုင်း FB
ပရိသတ် (၁၅) ယောက်စာ မဲဖောက်ပေးမှာ ဖြစ်ပြီး မဲပေါက်တဲ့သူက လက်မှတ်(၂) စောင်အခမဲ့ ရရှိမှာ ဖြစ်တယ်လို့ စိုင်းစိုင်းက ပြောထား ပါတယ်။
"National Theatre က စင်အရှေ့မှာ တီးဝိုင်းအတွက် နှိမ့်ချလိုက်လို့ရတဲ့နေရာလေးရှိတော့ အဲဒီနေရာလေးကို Friend Zone လို့နာမည် ပေးလိုက်တယ် ကျွန်တော့်သူငယ်ချင်းတချို့ရယ် ပရိသတ်တချို့ရယ်အတွက် နေရာနည်းနည်းလေးထွက်လာပါတယ်။ မတ်တပ် ရပ်ကြည့် ရမှာပါ။ ဒီတော့ ကျွန်တော့်ပရိသတ်ထဲက ၁၅ ယောက်ကို မဲဖောက်ပေးမယ် မဲပေါက်တဲ့သူက လက်မှတ် ၂ စောင် အခမဲ့ ရရှိပါမယ်" ဆိုပြီး အောက်တိုဘာ(၃) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။
Photo : စိုင်းစိုင်း FB
စင်နဲ့ အနီးဆုံးနေရာကနေ စိုင်းစိုင်းရဲ့ ရှိုးကို ကြည့်ရဖို့အတွက် ယခု Link " https://goo.gl/forms/ixhmZ5UatWhvZE5j1 " ဝင်ပြီး မွေးခွန်းလေး တွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဆိုပါ Link ထဲဝင်ပြီး မေးခွန်းတွေ ဖြေဆိုရမှာ ဖြစ်သလို မေးခွန်းတွေကို (၁၀) ရက်နေ့ နောက်ဆုံး ထားပြီး ဖြေဆိုပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အဲ့ထဲကမှ ပရိသတ်တွေကို မဲပြန်ဖောက်ပေးမှာပါ။
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းခမ်းလှိုင်ဟာ လက်ရှိမှာ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ASEAN JAPAN Music Festival ပွဲမှာ ဖျော်ဖြေတင်ဆက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေ ပြီဖြစ်ပါ တယ်။
ASEAN JAPAN Music Festival ပွဲကြီးမှာတော့ အာဆီယံနိုင်ငံအသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ အဆိုတော်တွေနဲ့ အတူ စိုင်းစိုင်းခမ်းလှိုင် က လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင် သီဆိုသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာပရိသတ် တွေ အတွက် ဖျော်ဖြေသွားမှာဖြစ်တယ် လို့ သိရပါတယ်။
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းကို ဖြိုးကြီးပေးထားတဲ့ နာမည်ပြောင်လေး
စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကိုဓိရာမိုရ်တို့ တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတစ်ခါ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲမှာယခင် သူနဲ့အတူ သီချင်းများ အတူတူဆိုခဲ့ဖူးသော အနုပညာရှင်တွေများစွာ ပါဝင်မယ်လို့လည်း သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများ စွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo : စိုင်းစိုင်း FB
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share