စနေနေ့နေ့လယ်မှာ နိုင်ပွဲရရှိခဲ့တဲ့ မန်ချက်စတာစီးတီးကို ၅ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါလ် မာဆန်က အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ အံ့အားသင့်ဖွယ်နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့ပြီးနောက် ဂန်းနားတွေက ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမယ်လို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်ဟာ ဘုန်းမောက်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ၃-၂ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲ ရရှိခဲ့တာကြောင့် စနေနေ့နေ့လယ်မှာ နိုင်ပွဲရရှိခဲ့တဲ့ မန်ချက်စတာစီးတီးကို ၅ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ၂-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ ပွဲပြီးမီးသေသွားတဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ပါတေးနဲ့ ဘန် ဝှိုက်တို့က ဂန်းနားတွေအတွက် တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးတွေကို သွင်းယူပေးသွားခဲ့တာကြောင့် ပြန်လည်အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ ပွဲကစားချိန် နာကျင်အချိန်ပို ၉၇ မိနစ်မှာ ရိစ် နယ်လ်ဆန်ရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းယူမှုကြောင့် အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးရဲ့ ရမှတ်ကွာဟမှု ၂ မှတ်အထိ လျှော့ချထားမှုကြောင့် စနေနေ့နေ့လယ်ကတည်းက ခံစားခဲ့ရတဲ့ဖိအားတွေကို ပြန်လည်ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့်အသင်းလို့ ယုံကြည်လားလို့ မေးမြန်းခဲ့ရာမှာ ပေါလ် မာဆန်က "သူတို့တွေ လိဂ်ကို အနိုင်ရရမယ်လို့ ထင်ပါတယ်။ ကျွန်တော် တကယ် ယုံကြည်ပါတယ်။သူတို့တွေက ဆက်ပြီးတော့ သွားနေကြပြီး ဘယ်အချိန်မှာ အနိုင်ယူတာခံရမလဲဆိုတာကို မသိကြပါဘူး။ ဒါက အခုဆိုရင် ၄ ပွဲဆက်နိုင်ပွဲပါ"

"သူတို့တွေ အက်စတန် ဗီလာနဲ့ပွဲတုန်းကလည်း ပြန်လာနိုင်ခဲ့တာပါပဲ။ သူတို့တွေက အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပြီး လာမယ့် ၃ ပွဲမှာ အနိုင်ရခဲ့ရင် သူတို့တွေ လိဂ်ဖလားကို မရနိုင်စရာအကြောင်းမရှိတေ့ဘူးလို့ ကျွန်တော် ထင်တယ်။ ရေကုန်ရေခမ်းကစားခဲ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဂယ်ရီ အိုနေးလ်ပုံစံကြည့်ရတာ ပွဲအပြီးမှာ အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့ပေမယ့်လည်း အာဆင်နယ်အတွက်တော့ မျှတတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်ကို အရမ်းအထင်ကြီးမိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက နောက်ကနေ လိုက်ကစားနေရပေမယ့်လည်းပွဲကို သတ်မှတ်နိုင်လို့ပါ။ အစောပိုင်းဂိုးက သူတို့ကို အံ့အားသင့်စေခဲ့ပေမယ့် သူတို့တွေ ပြန်လာနိုင်ခဲ့တယ်။ ၂-၀ ဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးက သူတို့တွေ ၁ မှတ်ရဖို့ပဲလို့ ခင်ဗျား ထင်မှာပါ။ ဒါပေမယ့် နယ်လ်ဆန်ဆီကနေ အံ့မခန်းသွင်းဂိုးနဲ့ နိုင်ပွဲဖြစ်ခဲ့တယ်။ သူ နောက်ထပ် အာဆင်နယ်အတွက် ပွဲ ၅၀၀ ကစားပေးရင်တောင် ဒီထက်ပိုကောင်းတဲ့ဂိုးသွင်းယူနိုင်မှာမဟုတ်တော့ပါဘူး"


"သူက သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ဂိုးထောင့်ထဲကို တစ်ဝက်မြေမကျဘောကန်သွင်းယူခဲ့တယ်။ အဲဒါက အံ့အားသင့်စရာကောင်းတဲ့ ဂိုးဖြစ်ခဲ့ပေမယ့် အာဆင်နယ်အနေနဲ့ လာမယ့် ၁၂ ပွဲမှာ ဒီလိုမျိုး လုပ်ချင်မှာတော့ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က