“တန်ဆေး လွန်ဘေး” စကားပုံအတိုင်း Social Media အသုံးများတာနဲ့အမျှ Depression, Anxiety တွေက သင့်ကို စောင့်ကြိုနေတာပါ။
ဖုန်းနဲ့ မျက်နှာနဲ့ ခွာမရဖြစ်နေပြီလား။ ထမင်းစားလည်း ဒီဖုန်း၊ အိမ်သာသွားလည်း ဒီဖုန်း၊ ဘက်စ်ကားစီးလည်း ဒီဖုန်းဆိုရင်တော့ နည်းနည်းလေးတော့ လွဲနေပါပြီ။တစ်ချိန်လုံး ဖုန်းနဲ့ မျက်နှာ ကပ်နေတယ်ဆိုတာက ဖုန်းထဲမှာ Log in ဝင်ထားတဲ့ Facebook, Instagram, Twitter, YouTube, Pinterest စတဲ့ Social Media ကို စွဲလမ်းနေတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီလို စွဲလမ်းမှုပြဿနာက ကိုယ့်ရဲ့ ကိုယ်စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာမို့ Social Media ကို ခဏလောက် အဆက်ဖြတ်ပြီး နေကြည့်ရအောင်။
ဖုန်းထဲက ရှိသမျှ Social Media Account တွေကို ရှင်းလင်းပစ်ပါ
Social Media Account တွေအားလုံးကို Log Out လုပ်လိုက်တာနဲ့ ပြီးမသွားပါဘူး။ App တွေကို Uninstall လုပ်ဖို့လိုပါတယ်။ဖုန်းဖွင့်လိုက်တိုင်း App Icon တွေကို မြင်နေရင် စိတ်ကို မထိန်းနိုင်ဘဲ Log in ထပ်လုပ်တဲ့အခါ Socail Media Trap ထဲက ရုန်းထွက်ဖို့ ခက်ခဲပါတယ်။
အသစ်တစ်ခုခု လုပ်ကြည့်ပါ
Social Media သုံးစရာ မရှိတော့ အဲဒီအစား အချိန်က ပိုထွက်လာပြီပေါ့။ ပိုထွက်လာတဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတာပဲ ဖြစ်ဖြစ် တစ်ခုခုလေ့လာတာပဲ ဖြစ်ဖြစ်လုပ်ပါ။ ဥပမာ ဂစ်တာတီးတာ၊ ဓာတ်ပုံထွက်ရိုက်တာတို့ လုပ်ကြည့်ပါ။ Social Media ပေါ်က ကမ္ဘာလေးထက် အပြင်က ကမ္ဘာကြီး ပိုလှပပြီး ပို နှစ်သက်ဖွယ်ကောင်းပါတယ်။
အားကစားလုပ်ပါ။
ကိုယ်က ဝိတ်ချချင်တယ်ဆိုရင်တော့ Work Out လုပ်ချိန်ပိုရတယ်လို့ တွေးမှတ်ပါ။Gym သွားလို့ရသလို အိမ်မှာပဲ အားကစားလုပ်လည်း ရပါတယ်။ဒါမှမဟုတ် တရားထိုင်တာဖြစ်ဖြစ် Yoga ကျင့်တာပဲ ဖြစ်ဖြစ် ကိုယ်အားသန်တာကို လုပ်နိုင်ပါတယ်။
စာဖတ်ပါ။
Phone Screen ပေါ်က စာတွေဖတ်မယ့်အစား စာအုပ်တွေ ဖတ်ကြည့်ပါ။ အရင်တည်းက စာဖတ်ဝါသနာပါသူဆိုရင်တော့ အထွေအထူး ပြောစရာမလိုပါဘူး။ အခုမှ စာစဖတ်မယ့် သူတွေအတွက် ခင်ခင်ထူး၊ သိုးဆောင်း၊ မင်းလူ တို့ရဲ့ စာအုပ်တွေဖတ်ကြည့်ဖို့ အကြံပေးပါရစေ။စာအုပ်စာပေ လူ့မိတ်ဆွေ လို့ အဆိုရှိတာမို့ သင့်ရဲ့ အချိန်တွေကို အကျိုးရှိစေမှာပါ။
အိပ်ရေးဝဝအိပ်ပါ။
Facebook, Instagram , Twitter သုံးလိုက် Youtube က Video တွေကြည့်လိုက်နဲ့ ညဇီးကွက် ဖြစ်နေကြတယ်ဟုတ်။ မနက်ကျတော့ တော်တော်နဲ့ အိပ်ရာမနိုးတဲ့အခါ ရုံးနောက်ကျ၊ကျောင်းနောက်ကျတွေ ဖြစ်ကုန်တာပေါ့။ဒါတွေက အတော်လေး မကောင်းတာပါ။အချိန်ကြာလာတဲ့ အခါ ကျန်းမာရေး ထိခို်က်နိုင်ပါတယ်။ဒီတော့ Social Media ကို အဆက်ဖြတ်ပြီး အိပ်ရေးဝဝအိပ်ကြည့်ပါ။
နေ့စဉ်မှတ်တမ်း ရေးပါ။
ပျော်စရာကိစ္စရှိတာဖြစ်ဖြစ် စိတ်ညစ်စရာရှိတာပဲဖြစ်ဖြစ် Social Media မှာ တင်ကြပါတယ်။ အဲဒီလိုတင်မယ့်အစား Journal တစ်အုပ်ထားပြီး အိပ်ရာဝင်ခါနီးတိုင်း ကိုယ့်စိတ်ခံစားချက်တွေကို ချရေးလို့ရပါတယ်။ ဖြစ်ပျက်သမျှကို Social Media ပေါ်တင်တာထက်စာရင် စာအုပ်ထဲမှာ ချရေးတာက ပိုပြီး လုံခြုံမှုရှိပါတယ်။
ကဲ ဘယ်လိုလဲ? တစ်ပတ်လောက်ပဲ ဖြစ်ဖြစ် Social Media ကို မေ့ထားပြီး Unplugged Life ကို နေထိုင်ကြည့်ရအောင်။

ဆက်စပ်အကြောင်းအရာများ
Share