မိုးဟေကိုက အနုပညာအလုပ်တွေနဲ့ ခဏတာဝေးကွာနေတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတယ်လို့ ဆိုပါတယ်။ သူမဟာ Moe Hay Ko ဆိုတဲ့ Facebookpage ကို အသုံးပြုဖြစ်တယ်လို့ ပြောပါတယ်။
မိုးဟေကိုက သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Facebook Page သုံးတယ်လို့ဆိုပါတယ်။ ဒီ Page ကနေ အလှဓာတ်ပုံလေးတွေ တင်ဖြစ်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။
‘’တကယ်တော့ မိုးရဲ့ မန်နေဂျာတွေ မိုးကို သုံးပေးတယ်။ အခုနောက်ပိုင်းကျတော့ မိုးက ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မဖြတ်ချင်ဘူး။ ဖေ့စ်ဘွတ်ကလည်း မိုးက Parsonal အကောင့် လုံးဝ မသုံးဘူးဆိုတော့ ပရိသတ်နဲ့ အဆက်အသွယ်ရှိအောင်လို့ Page လေးထောင်ပြီးတော့မှ ဓာတ်ပုံလေးတွေရိုက်ပေးဖြစ်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။
သူမကိုယ်တိုင်ကလည်း Social Media အသုံးပြုရတာကို သဘောကျတဲ့သူ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် Moe Hay Ko ဆိုတဲ့ Page ကို ဖွင့်တာ သိပ်မကြာသေးပါဘူးတဲ့။
‘’အစကတည်းက မသုံးဖြစ်တာပါ။ အဲဒီလို သုံးရတာကိုလည်း သိပ်မကြိုက်ဘူးပေါ့နော်။ အချိန်တိုင်းမသုံးဖြစ်ဘူးပေါ့။ တချို့အချိန်တွေမှာ သုံးဖြစ်တယ်။ အချိန်တိုင်းတော့ မသုံးဖြစ်ဘူးပေါ့လေ။ ပရိသတ်တွေ အရမ်းပြောလွန်းလို့ ဒီ Page လေးကို ဖွင့်ထားတာ ၆ လလောက်ပဲ ရှိဦးမယ်ထင်တယ်’’ လို့ Fit Me အလှကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
မိုးဟေကိုက မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့အပေါ် ပရိသတ်တွေ နားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျန်းမာရေး ပြန်ကောင်းတဲ့အချိန်ကျရင် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
‘’ အမေ့ရဲ့ ကျန်းမာရေးကတော့ သေချာဂရုစိုက်နေရတုန်းပေါ့နော်။ အရမ်းကြီးကောင်းတဲ့အထဲမှာတော့ မပါဘူး။ အခုထက်တော့ မဆိုးသွားအောင် သေချာ ဂရုစိုက်နေရတာပေါ့။ အလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း မိဘရဲ့ ကျန်းမာရေးအကြောင်းကြောင့် နားလည်ပေးကြပါ။ ဒါလေးကြောင့် ကားရိုက်တွေနဲ့ ဝေးကွာနေတယ်။ နောက်ပိုင်းတော့ အချိန်ပြန်ပေးဖြစ်မှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Moe Hay Ko
မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ
Share