ဒိန်းမတ်ကို အင်္ဂလန်က သရေကျခဲ့တာပါ။

အင်္ဂလန်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက ဒိန်းမတ်နဲ့ ယူရိုအုပ်စုပွဲမှာ အင်္ဂလန်ရဲ့ ခြေစွမ်းဆိုးရွားခဲ့တာနဲ့ ပတ်သက်လို့ ဘာဆင်ခြေမှမပေးနဲ့လို့ ပြောကြားလာခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။



အင်္ဂလန်က ဒီပွဲမှာ သရေကျခဲ့တာကြောင့် အုပ်စုအဆင့်ကနေ စောစောစီးစီး လွတ်မြောက်ဖို့ အခွင့်အရးကောင်းတစ်ရပ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ကစားပုံကလည်း အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆာဘီးယားနဲ့ပွဲနည်းတူ ဆိုးရွားခဲ့တာကြောင့်လည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရှီးယားကလည်း “ကစားသမားတွေက နောက်ကိုပဲ ဆင်းပြေးနေကြပြီး သူတို့ကို ကြည့်ရတာ အကုန်လုံးက ပြိုလဲနေသလိုပါပဲ။ ဒီအတွက် ဘာဆင်ခြေမှ မပေးပါနဲ့။ သူတို့က ခွန်အားလည်းမရှိ၊ ပွဲအပေါ် အားစိုက်ထုတ်မှုလည်း မရှိပါဘူး။ ကျနော်တို့တုန်းက နောက်ဆုံး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကို နောက်မှာပဲ ပြေးနေလို့ မရပါဘူး”

“အခုတော့ သူတို့က ဘောလုံးတွေလည်း အများကြီးဆုံးရှုံးတယ်၊ ပေါ့တီးပေါ့ပျက် ပေးပို့မှုတွေကလည်း အများကြီးလုပ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ လက်ရှိ အုပ်စုမှာ နှစ်ပွဲကစားပြီး ရမှတ် (၄) မှတ် ရရှိထားပါတယ်။

အုပ်စုနောက်ဆုံးပွဲအဖြစ် ဆလိုဗေးနီးယားနဲ့ ကစားရမှာဖြစ်ပြီး အမှားအယွင်းခံလို့ မရသေးပါဘူး။ နောက်ဆုံးပွဲမှာသာ ရှုံးနိမ့်ခဲ့ပြီး တစ်ဖက်က ဒိန်းမတ်က အနိုင်ရသွားရင် အင်္ဂလန်တို့ အုပ်စုတတိယနဲ့ နောက်တစ်ဆင့်တက်ဖို့ကိုပဲ မျှော်လင့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က