ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်ရဲ့ တပည့်ဟောင်းလည်းဖြစ်ပါတယ်။

လက်ရှိစျေးကွက်အတွင်းမှာ ကစားသမားသစ်တဦးမှ ခေါ်ယူထားနိုင်ခြင်းမရှိသေးဘဲ စုံစမ်းမေးမြန်းညှိနှိုင်းမှုတွေနဲ့သာ အချိန်ကုန်နေတဲ့ ယူနိုက်တက်ဟာ အေဂျက်ဇ်တောင်ပံကစားသမားအန်တိုနီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထပ်ထွက်လာပါတယ်။  The Sun က ဖော်ပြခဲ့တာဖြစ်ပြီး ယူနိုက်တက်တာဝန်ရှိသူတွေက အမ်စတာဒမ်ကိုရောက်ရှိနေကာ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်ကလည်း သူ့ရဲ့အေဂျက်ဇ်ကစားသမားဟောင်းကို အိုးထရက်ဖို့ဒ်ကလပ်ပြန်လည်တည်ဆောက်မှုမှာ ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်ဇ်အတွက် ခြေစွမ်းပြခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ၁၀ ကြိမ်အထိ ဖန်တီးပေးခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အန်တိုနီကိုယ်တိုင်ကလည်း တန်ဟက်ဂျ်ထွက်ခွာမှုကို နှုတ်ဆက်ခဲ့ရာမှာ "ကျနော့်ကို သင်ကြားပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ခင်ဗျားသာ လိုအပ်မယ်ဆိုရင် ကျနော်က အမြဲတမ်း ခင်ဗျားနဲ့အတူရှိနေမယ်ဆိုတာကို သိထားပေးပါ" လို့ ရေးသားပြောဆိုဖူးပြီး ယူနိုက်တက်ကသာ အမှန်တကယ်ကမ်းလှမ်းခဲ့တာဆိုရင် ရောက်ရှိလာနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူနိုင်ိဖု့ အသည်းအသန်ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိမအောင်မြင်သေးတာဖြစ်ပါတယ်။ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးလို့လည်း အသင်းပရိသတ်တွေက ဒေါသထွက်နေပြီး အမှုဆောင်အရာရှိအာနိုးရဲ့ နေအိမ်အနီးမှာ ဆန္ဒပြဖို့တောင် စီစဉ်ခဲ့ကြကာ အာနိုးရဲ့ ပါးပါးနပ်နပ်ဖြေရှင်းမှုကြောင့်သာ မဖြစ်မြောက်လာခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က