သားသမီးတစ်ယောက်ရဲ့ နေထိုင် ၊ ပြောဆိုမှုတွေကို ကြည့်ခြင်းအားဖြင့် မိဘတွေရဲ့ သွန်သင်ဆုံးမ မှုတွေက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုပဲ အကယ်ဒမီ သရုပ်ဆောင် စိုးပြည့်သဇင် ရဲ့ နေထိုင်၊ ပြောဆို ၊ ဆက်ဆံမှုတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ မိဘတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ဆုံးမ သွန်သင် လမ်းပြပေးခဲ့တယ်ဆိုတာကို သိရမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရင်သွေးငယ်တွေကို ဘယ်လို နည်းလမ်းတွေနဲ့ သွန်သင်ပြောပြသင့်တယ် ဆိုတာကို စိုးပြည့်သဇင်ရဲ့ ဖခင် ဦးစိုးနိုင်က Duwun ကို ပြောပြခဲ့ပါတယ်။ 



Photo: Soe Pyae Thazin 

ဘဝအခြေအနေကို နားလည်အောင်ရှင်းပြပါ

စိုးပြည့် သူငယ်တန်း ၊ တစ်တန်းအရွယ်လောက်ကတည်းက သားအဖ နှစ်ယောက် ကျန်းမာရေးအတွက် လမ်းလျှောက်ကြရင်း သူသိသင့်တဲ့ အရှက်တရား ၊ အကြောက် တရား လေးတွေ ကိုပြောပြတယ်။ မှတ်မှတ်ရရ သူ မင်းသမီးစဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ ကိုယ်ပိုင်ကားမစီးနိုင်သေးဘူး ရှုတင်အသွားအပြန်ကို တက္ကစီနဲ့လေ တခြားမင်းသမီးတွေကတော့ နံပါတ်အနက် ကားတွေနဲ့ လာကြတာပေါ့။ ဒါကိုလည်း သူက မရှက်တတ်ပါဘူး ဒါ ရှက်စရာမဟုတ်ဘူးလေ။ ပိုက်ဆံပေးစီးတာ ၊ အရှက်တရားဆိုတဲ့အထဲမှာ ဒါမပါဘူး။ သူများကားကို စီးပြီး ပိုက်ဆံမပေးတာမှ ရှက်စရာပါ။ ဒါကို သူက ကောင်းကောင်းကြီးနားလည်တယ်၊ ပြီးတော့ တရားဘာဝနာကို သူတအားလုပ်တယ်၊ ဓမ္မကိုတော့ သူတော်တော် အားသာတယ်။ 

Photo: Soe Pyae Thazin 

အကောင်းအဆိုး မှန်မှန်ကန်ကန် ဆုံးမပေးဖို့လိုပါတယ်

တကယ်တော့ မိဘဆိုတာ အဆိုးနဲ့အကောင်းဆိုတာကို ပြောပြပေးသင့်တယ်။ မီး ကို သူမကိုင်ခင်မှာ ဒါကို ကိုင်ရင် ပူတတ်တယ်နော်၊ လက်အပူလောင်မယ် ဒီလိုပြောပြရမယ် ဒါကိုမှ နားမထောင်ပဲ ကိုင်ရင်တော့ ကိုင်တဲ့လူ ထိခိုက်မှာပေါ့။ ပူတယ်ဆိုရင် ကိုယ်ပြောပြတာ သူလက်ခံမယ်။ ကျွန်တော်ကတော့ သမီးလေးကို ဒီလိုလေးပဲ ဆုံးမဖြစ်တယ်။ ပြီးတော့ ကိုယ်ချင်းစာတရားပေါ့။ ကိုယ့်အသားနာရင် ကိုယ်လည်းမကြိုက်သလို သူများလည်း ကြိုက်မှာ မဟုတ်ဘူး။ ဓမ္မသဘောအရ ကိုယ်နဲ့ ယှဉ်ပြီးတော့ ပြောပြသင့်တယ်။ စိတ်ဆင်းရဲရင် ရုပ်ဆင်းရဲမယ် ၊ စိတ်ချမ်းသာရင် ရုပ်ချမ်းသာမယ်။ သူ့ကို တန်ဖိုးရှိတဲ့သူဖြစ်စေချင်တယ် ဒါ ငွေကြေးချမ်းသာတာကို ပြောတာမဟုတ်ဘူး သူများကို ကိုယ်ချင်းစာတတ်ရမယ်၊ နားလည်မှုပေးနိုင်တဲ့သူ ဖြစ်စေချင်တယ် ဒါပါပဲ။



ဆက်စပ်အကြောင်းအရာများ

Share

က္က