ဒဲလက်စ်နဲ့ ခြေစမ်းပွဲမှာ ပရိသတ်တော်တော် နည်းခဲ့တာပါ။

မနေ့က မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ဒဲလက်စ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ ခြေစမ်းပွဲမှာ ဒဲလက်စ်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ အင်တာမိုင်ယာမီအတွက် ဒုတိယမြောက် ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲလည်း ဖြစ်ခဲ့ပါတယ်။



ဒါပေမယ့် ဒီနှစ်ပွဲစလုံးမှာ အင်တာမိုင်ယာမီတို့ နိုင်ပွဲမရရှိခဲ့သလို တစ်ဂိုးမှလည်း မသွင်းယူနိုင်ခဲ့ပါဘူး။ ဒဲလက်စ်နဲ့မတိုင်ခင် ကစားခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနဲ့ပွဲမှာလည်း အင်တာမိုင်ယာမီတို့ ပြိုင်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီခြေစမ်းပွဲတွေမှာ အင်တာမိုင်ယာမီရဲ့ အဓိကကြယ်ပွင့် မက်ဆီနဲ့အတူ ဘူးစကွက်စ်၊ အယ်လ်ဘာ၊ ဆွာရက်ဇ်တို့လည်း ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အင်တာမိုင်ယာမီအတွက် ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခဲ့ခြင်းမရှိဘဲ မက်ဆီအတွက်လည်း ရာသီကြိုခြေစမ်းပွဲရလဒ်တွေကြောင့် ဖိအားဒဏ်ကိုခံနေရပါတယ်။
နောက်ထပ်စိုးရိမ်စရာတစ်ချက်က ဒဲလက်စ်နဲ့ အင်တာမိုင်ယာမီတို့ တက္ကဆက်စ်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ပရိသတ်အင်အားပါ။ ဒီပွဲရဲ့ ကွင်းတစ်ဝက်လောက်သာ ပရိသတ်ရှိနေပြီး မက်ဆီ ကစားတဲ့ ခြေစမ်းပွဲမှာတောင် ဒါမျိုးဖြစ်နေတာက မေဂျာလိဂ်ရာသီသစ်အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စိုးရိမ်စရာကောင်းလာစေပါတယ်။

မက်ဆီရဲ့ ပရိသတ်တွေကတော့ ဒါဟာ ခြေစမ်းပွဲတစ်ပွဲသာဖြစ်ကြောင်းနဲ့ လိဂ်ပွဲတစ်ပွဲအဖြစ် မမှတ်ယူသင့်ကြောင်း ကာကွယ်ပေးနေကြပါတယ်။ ပရိသတ်အချို့ကတော့ ရော်နယ်ဒိုကို ပရိသတ် တစ်ထောင်လောက်ရှေ့မှာ ကစားနေတယ်လို့ ပြောခဲ့တဲ့ မက်ဆီဖန်အချို့ သူတို့ရဲ့ ကစားသမား အခုတော့ ပရိသတ် (၅၀၀​) လောက်ရဲ့ ရှေ့မှာ ကစားနေရပြီလို့ လှောင်ပြောင်နေကြပါတယ်။

Share

Loading Next Article...
က္က