အသင်းရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းဖို့အချိန်လိုနေတာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပေါ့ချက်တီနိုဟာ စပါးအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းကို ကန့်သတ်ထားတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ စနေနေ့က ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး မန်စီးတီး၊ လီဗာပူးတို့ကို အမီလိုက် ဖိအားပေးနိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ယနေ့ည(မြန်မာစံတော်ချိန်ကြာသပတေးနေ့နံနက် ၂ နာရီ ၃၀ မိနစ်)မှာ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေဖို့ အိမ်ကွင်းမှာ အနိုင် ၃ မှတ် မဖြစ်မနေရရှိဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပေါ့ချက်တီနိုက အသင်းမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပြီး ဖလားရယူနိုင်တဲ့ အသင်းဖြစ်အောင် ပြောင်းလဲပစ်ဖို့ ၎င်းအနေနဲ့ ဆယ်စုနှစ်တစ်ခုလောက် အချိန်ယူရနိုင်တယ်လို့ ချယ်ဆီးအသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ညည်းတွားခဲ့ပါတယ်။

“ကစားသမားတွေနဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ သူတို့ကို ကျွန်တော် စိတ်ပျက်နေတာမဟုတ်ပါဘူး”

“ကျွန်တော် အံ့အားသင့်မိတာက တစ်ခုပဲ။ အဲဒါက ပွဲစဉ်တစ်ပွဲချင်းစီက အရေးအကြီးဆုံးပွဲစဉ်တွေဖြစ်လာလိမ့်မယ်ဆိုတဲ့ ခံစားချက် တည်ဆောက်လို့မရနိုင်ဘူး ဖြစ်နေတာပဲ”

“ကျွန်တော် စိုးရိမ်နေတာက ဘာတွေဖြစ်လာမလဲနဲ့ ပြောင်းလဲဖို့ကိုပဲ။ အဲဒါက ၅ နှစ်လောက်နဲ့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီမှာ ဖြစ်နေတာတွေကို ပြောင်းလဲပစ်ဖို့က ဆယ်စုနှစ်တစ်ခုလောက် လုပ်ယူရမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ခင်ဗျားဟာ ကြီးမားတဲ့အရာအတွက် တိုက်ပွဲဝင်နေတဲ့အသင်းပုံစံမျိုး ပြသဖို့ လိုအပ်ပြီး အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကျွန်တော် စိတ်ပျက်နေပါတယ်။ ဘာလို့လဲဆိုတော့ ဘန်လေထက်ပိုတဲ့ ခံယူချက်ကို ကျွန်တော်တို့ မပြသနိုင်ခဲ့ဘူး။ ဘန်လေထက်ပိုတဲ့ စွမ်းအင်မပြသနိုင်ခဲ့ဘူး။ သူတို့အသင်းထက်ပိုပြီးလည်း ပရီးမီးယားလိဂ်ဖလားအတွက် ရည်မှန်းချက်ရှိတယ်ဆိုတာကိုလည်း မပြသနိုင်ခဲ့ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က