တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တာပါ။

ပွဲချိန်တလျှောက်လုံးမှာလည်း ချိတ်ဆက်ကစားမှုတွေ ကောင်းမွန်ခဲ့ကာ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုရရှိခဲ့ပြီး အသင်းရဲ့ ၃ ပွဲဆက်တိုက်နိုင်ပွဲမှာ အဓိကကျသူဖြစ်လာခဲ့ပါတယ်။ 


စပါးနဲ့ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကြယ်ပွင့်စမစ်ရိုးက ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ စမစ်ရိုးဟာ အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး ပွဲချိန်တလျှောက်လုံးမှာလည်း ချိတ်ဆက်ကစားမှုတွေ ကောင်းမွန်ခဲ့ကာ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုရရှိခဲ့ပြီး အသင်းရဲ့ ၃ ပွဲဆက်တိုက်နိုင်ပွဲမှာ အဓိကကျသူဖြစ်လာခဲ့ပါတယ်။ 

အဖွင့်ဂိုးကိုလည်း ဆာကာရဲ့ ဖန်တီးပေးမှုကနေ သူက ပါးပါးနပ်နပ်နဲ့ သွင်းယူခဲ့တာဖြစ်ပြိး အော်ဘာမီယန်းရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဆာကာနဲ့ စမစ်ရိုးတို့ကြားမှာ နားလည်မှုပြည့်ဝနေခဲ့ပြီး စပါးခံစစ်ကိုဒုက္ခပေးနိုင်ခဲ့ကာ မိသားစုတွေ လာရောက်ကြည့်ရှုချိန်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့လည်း ပိုပြီးကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

ဒါကြောင့်လည်း ပွဲအပြီးအင်တာဗျူးမှာ စမစ်ရိုးက "ကျွန်တော့်ဘဝရဲ့ အကောင်းမွန်ဆုံးနေ့ရက်ပါပဲ" လို့ပြောဆိုသွားခဲ့ပါတယ်။ ဒါဘီပွဲမှာ သူ ဂိုးသွင်းယူနိုင်ခဲ့မှုကို မိသားစုပါ မြင်တွေ့ခဲ့ရလို့ စမစ်ရိုးက ကျေနပ်နေခဲ့ပြီး သူ့ရဲ့တွစ်တာမှာလည်း ဂိုးသွင်းအပြီးအောင်ပွဲခံနေဟန်ပုံနဲ့အတူ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်လို့ ရေးသားကာ ဖော်ပြခဲ့ပါသေးတယ်။ 

အာဆင်နယ်ကတော့ ၃ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရာကနေ ၃ပွဲဆက်တိုက်ပြန််လည်အနိုင်ရရှိခဲ့ပြီး ဖိအားတွေအောက်က ရုန်းထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အစဉ်အလာပြိုင်ဘက်စပါးကို အိမ်ကွင်းမှာ ခြေစွမ်းအသာနဲ့ အနိုင်ရရှိခဲ့လို့ နည်းပြအာတီတာတစ်ယောက် တော်တော်လေးအသက်ရှူချောင်ခဲ့ရပြီဖြစ်ပြီး လူငယ်ကစားသမားတွေကလည်း ခြေစွမ်းပြနေလို့ ပိုကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

Share

က္က