မန်စီးတီးကိုပြောင်းရွှေ့ဖို့ နာမည်ကြီးခဲ့တဲ့ ကိန်းဟာ အသင်းမှာဆက်လက်ရှိနေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရကာ ထူးထူးခြားခြားဂိုးမိုးခေါင်နေခဲ့ပါတယ်။ 


ဒီရာသီမှာ စပါးအတွက် ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းအတွက်ကစားပေးဖို့ကို စိတ်ပါဝင်စားမှုမရှိတော့ဘူးလို့ စွပ်စွဲခံနေရပြီဖြစ်ပါတယ်။ ရာသီသစ်မတိုင်ခင် မန်စီးတီးကိုပြောင်းရွှေ့ဖို့ နာမည်ကြီးခဲ့တဲ့ ကိန်းဟာ အသင်းမှာဆက်လက်ရှိနေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရကာ ထူးထူးခြားခြားဂိုးမိုးခေါင်နေခဲ့ပါတယ်။ 



စပါးအသင်းဥက္ကဌလီဗီုင်းကို အသင်းကနေ သူ ထွက်ခွာချင်တယ်လို့ ကိန်းက ပြောဆိုခဲ့ပေမယ့် စပါးက သူ့ရဲ့တန်ဖိုးကို အဆမတန်မြှင့်တင်ခဲ့တဲ့နောက်မှာအပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ပါတယ်။ ကိန်းလည်း အသင်းမှာဆက်လက်ရှိနေခဲ့ပြီး တိုက်စစ်ပိုင်းကို ဦးဆောင်ကစားနေခဲ့ပေမယ့် ပရီးမီးယားလိဂ် ၆ ပွဲမှာ ဂိုးလုံးဝမသွင်းနိုင်ခဲ့ဘဲ ကွန်ဖရင့်လိဂ်မှာသာ ဂိုးတွေရယူနိုင်ခဲ့ပါတယ်။ 


အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အဆိုပါ ၆ ပွဲမှာ စုစုပေါင်းမှ ၈ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ရာသီက ဒီလိုအချိန်မှာ အသင်းအတွက် ၅ ဂိုးသွင်းယူပြီး ၈ ကြိမ်အထိ ဖန်တီးပေးခဲ့မှုနဲ့ အကြီးအကျယ်ကွဲလွဲသွားခဲ့တာဖြစ်ပါတယ်။ စပါးအတွက် အခုလိုမျိုး သူ ခြေစွမ်းပျောက်နေမှုနဲ့အတူ အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ 

နည်းပြသစ်နူနိုဆန်တိုဟာလည်း အင်္ဂလန်တိုက်စစ်မှူးဆီက အကောင်းဆုံးပုံစံတွေကို ရယူနိုင်ဖို့ ခက်ခဲနေဆဲဖြစ်နေပါတယ်။ စပါးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စဝက်ဒယ်က အခုလိုမျိုး ဟယ်ရီကိန်းရုန်းကန်နေရတာဟာ နည်းပြတစ်ဦးတည်းရဲ့အပြစ်မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူက ကိန်း ဆီမှာ ပြသနာတွေရှိနေပြီး ကစားသမားကိုယ်တိုင်က အသင်းအတွက် ကစားပေးဖို့ စိတ်မပါလက်မပါဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"မန်စီးတီးကိုမပြောင်းရွှေ့ခဲ့ရလို့ သူ အကြီးအကျယ်စိတ်ပျက်နေတာပါ၊ သူ ပြောင်းရွှေ့နိုင်မယ်လို့ သေချာပေါက်ထင်နေခဲ့ပုံပါပဲ၊ တကယ်ဖြစ်မလာချိန်မှာတော့ တော်တော်လေးခက်ခဲခဲ့ပါတယ်" လို့ ဝက်ဒယ်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

Share

က္က