လိုက်ပ်ဇက်၊ချဲလ်ဆီးတို့နဲ့ ဆက်တိုက်ကစားရမှာပါ။

လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့တာလို့သိရပြီး ယခုတစ်ပတ်အတွင်းမှာပဲ ခွဲစိတ်ကုသမှု ခံယူစေမယ်လို့ သိရပါတယ်။

Image result for spurs



အက်စတန်ဗီလာကို ၃-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် လက်မောင်းရိုးကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဆွန်က အက်စတန်ဗီလာကို နိုင်တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သလို့ သူ့ရဲ့ နောက်ကျဂိုးကြောင့် စပါး အသင်းအနိုင် ၃မှတ်ရရှိခဲ့တာပါ။

ဒီဒဏ်ရာကို ယခုတစ်ပတ်အတွင်း ခွဲစိတ်ကုသမှု ခံယူစေမယ်လို့ စပါးအသင်းက တဆက်တည်းမှာပဲ အတည်ပြု သတင်းထုတ်ပြန်လာတယ်လို့လည်းသိရပါတယ်။

အသက် ၂၇ နှစ်အရွယ် တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ အသင်းရဲ့ အဓိက အသင်းခေါင်း ဆောင်တိုက်စစ်မှူး ကိန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးထား သူပါ။

Image result for spurs

အခုလို သူပါ ထပ်မံ ဒဏ်ရာရပြီး ရက်သတ္တပတ်အနည်းငယ်ခန့် ထပ်မံ အနားယူရတော့မှာ ဖြစ်လို့ ဒါဟာ စပါးအသင်းနဲ့ နည်းပြချုပ် မော်ရင်ဟိုအတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ရပ် ဖြစ်လာစေခဲ့ပါပြီ။

ဆွန်ဟောင်မင်မရှိတော့တဲ့အတွက် စပါးအသင်းရဲ့ တိုက်စစ်မှာ လူးကပ်စ်မော်ရာ၊ဘားဝစ်ဂျ်၊လာမယ်လာနဲ့ ပါးရော့ စ်တို့သာ ကျန်ရှိနေပါတော့တယ်။

စပါးအသင်းကတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ လိုက်ပ်ဇက်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအ ကျော့ကို လက်ခံကစားပြီးတာနဲ့ လန်ဒန်ဒါဘီအဖြစ် ယူနိုက်တက်ကို ၂-၀ နဲ့ အရေးနိမ့်ထားတဲ့ ချဲလ်ဆီးကို ဆက်လက် ရင်ဆိုင်ရမှာပါ။

ဒီပွဲက ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲအတွက် အထူးအရေးပါနေလို့ ကိန်းနဲ့ဆွန်မရှိတဲ့ တိုက်စစ်နဲ့ ဘယ်လို ရင်ဆိုင် မလဲဆိုတာ နည်းပြ မော်ရင်ဟိုကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က