တနင်္လာနေ့က အိမ်မှာ အကာအကွယ်ဖိနပ် ဝတ်ဆင်ထားတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲမတိုင်ခင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို အနားနီးမှ အကဲခတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး ဖာနန်ဒက်စ်ဟာ အချိန်ပိုအတွင်း ကွင်းဘေးစည်းမှာ ဖိနပ်ကို ချွတ်ထားခဲ့ရသလို တနင်္လာနေ့က အိမ်မှာ အကာအကွယ်ဖိနပ် ဝတ်ဆင်ထားတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က မန်ယူနိုက်တက်ကို ပြောင်းရွှေ့ခဲချိန်ကတည်းက ဒဏ်ရာကြောင့် တစ်ပွဲမှ လွဲချော်ခဲ့ဖူးခြင်းမရှိသူပေမယ့်လည်း ကြာသပတေးနေ့ မြောက်လန်ဒန်က ပွဲစဉ်ကိုတော့ လွဲချော်နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း တန်ဟက်က အကာအကွယ်ဖိနပ်ဟာ ကြိုတင်ကာကွယ်မှုအဖြစ်နဲ့သာ ဝတ်ဆင်ထားတာဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်း ဖာနန်ဒက်စ်ရဲ့ အခြေအနေကို အကဲဖြတ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ကစားပေးလို့မရနိုင်တဲ့သူအချို့ရှိပါတယ်။ မာတီနက်ဇ်နဲ့ ဗာရွမ်းပါ။ ကျွန်တော်တို့ ဘရူနို ဖာနန်ဒက်စ်အခြေအနေ ဘယ်လိုလဲဆိုတာကို ကြည့်ရမှာပါ။ ကျွန်တော်တို့ အခု မသိရသေးပါဘူး။ အဲဒါကမေးခွန်းတစ်ခုပါ။ ဒါပေမယ့် ကျန်တဲ့ကစားသမားတွေကတော့ တော်တော်လေး အဆင်ပြေတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ နေ့တိုင်း ကစားသမားတွေကို ကာကွယ်တယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်တယ်။ ဒါပေမယ့် ဖာနန်ဒက်စ် ဒဏ်ရာကတော့ စိတ်အေးအေးထားရမှာပါ။ ကျွန်တော်တို့ သူ ပွဲချိန်အပြည့် ကစားခဲ့တာကို မြင်ခဲ့ရပြီး အဲဒါက ပထမပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒါပေမယ့် မနက်ဖြန်က မြန်ပါတယ်။ ကျွန်တော်တို့ ဘာဖြစ်နိုင်မလဲဆိုတာကို ကြည့်ရမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က