ဆွန်ရဲ့ အေးဂျင့်က ပြောတာပါ။

အေးဂျင့်ဘလီမီစတာရဲ့ ပြောပြချက်အရ အီတလီလူမျိုးတွေနဲ့ အစားအစာတွေကို ဆွန်အနေနဲ့ သိပ်ကြိုက်တယ်လို့ သိရပါတယ်။

စပါးအသင်းရဲ့ တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီ လို့ အေးဂျင့် ဘလီမီစတာရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ စပါးအသင်းကို ပြောင်းရွှေ့လာပြီးနောက် ဆွန်ဟောာင်မင်အနေနဲ့ ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအပါအဝင် ဖြစ်လာသူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စပါးအသင်းအတွက် ဂိုးပေါင်း ၇၀ သွင်းယူပေးထားနိုင်ပြီး မနှစ်ကဆိုရင်လည်း အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံး တက်လှမ်းနိုင်ဖို့ အဓိက ကစားသမားအဖြစ် ကစားခဲ့ရသူ ဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဒီနှစ်မှာတော့အသင်းအတွက် ပြိုင်ပွဲစုံ ၃ ဂိုးသွင်းယူပေးထားနိုင်ပြီ ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဆွန်အနေနဲ့ အီတလီဖက်ကို ခြေဆန့်ဦးမယ်လို့ အေးဂျင့်ကတဆင့် သိလာရတာပါ။

“ ကျွန်တော့်ဘဝမှာ ဘယ်ကစားသမားကိုမှ နာပိုလီကို မပို့ဖူးပါဘူး။ဒါပေမယ့် နာပိုလီမှာ မာရာဒိုနာ ကစားခဲ့တာကိုတော့ အရမ်းကြိုက်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အသင်းရဲ့ အမှုဆောင်နဲ့ စကားပြောဖြစ်ထားပါ တယ်။နောက်ပြီး ဆွန်အတွက် နာပိုလီကလည်း မဖြစ်လာနိုင်စရာ မရှိပါဘူး။ဆွန်ကလည်း အီတလီလူမျိုးတွေနဲ့ အစားအစာတွေကို ကြိုက်ပါတယ်။” လို့ အေးဂျင့် ဘလီမီစတာက ပြောသွားတာပါ။

ဒါပေမယ့်လည်း ဆွန်ရဲ့ ပြောင်းရွှေ့စရိတ်က အရမ်းကြီးမားနေတာကြောင့် စပါးက ခေါ်ထုတ်ဖို့ကတော့ အနည်းငယ် ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။

ဆွန်အနေနဲ့ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ၇-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က